မာတိကာဆီ ကျော်သွား

ဒီကမ္ဘာကို အမှန်တကယ် အုပ်ချုပ်နေတဲ့သူက ဘယ်သူလဲ

ဒီကမ္ဘာကို အမှန်တကယ် အုပ်ချုပ်နေတဲ့သူက ဘယ်သူလဲ

ဘယ်လို​ ထင်သလဲ

  • ဘုရား​သခင်​လား။

  • လူသားတွေ​လား။

  • စာတန်​မာရ်နတ်​လား။

ကျမ်းစာ​အဆို

‘တစ်လောက​လုံး​က​တော့ ဆိုးညစ်သူ​ရဲ့ ဩဇာ​အောက်မှာ ရှိ​နေတယ်။’—၁ ယောဟန် ၅:၁၉

“ဘုရားသခင်၏​သား (ခရစ်တော်) သည် မာရ်နတ်​၏​ လုပ်ဆောင်မှုများ​ကို ဖျက်ဆီး​ရန် ကြွလာ​သည်။”—၁ ယောဟန် ၃:၈နားလည်လွယ်​သော ခေတ်သုံးမြန်မာကျမ်း။

သမ္မာ​ကျမ်းစာက​နေ ရရှိနိုင်​မယ့် အကျိုး​ကျေးဇူးများ

ကမ္ဘာ့​ပြဿနာတွေ​နဲ့ပတ်သက်ပြီး ကျိုးကြောင်း​ညီညွတ်​တဲ့ ရှင်းပြချက်​များ။—ဗျာဒိတ် ၁၂:၁၂

ကမ္ဘာ့အခြေအနေ​တွေ ပို​ကောင်း​လာ​တော့မယ်​လို့ ယုံကြည်​စိတ်ချ​နိုင်တဲ့ အကြောင်းရင်း။—၁ ယောဟန် ၂:၁၇

ကျမ်းစာ​အဆို​ကို ယုံကြည်​စိတ်ချ​နိုင်​ပါသလား

စိတ်ချ​နိုင်တဲ့ အကြောင်းရင်း အနည်းဆုံး သုံးခု ရှိ​ပါတယ်–

  • စာတန်​မာရ်နတ်​ရဲ့ အုပ်ချုပ်မှု​က ပျက်စီး​ကိန်း​ဆိုက်​နေ​ပြီ။ ယေဟော​ဝါ​ဘုရား​ဟာ လူသားတွေ​အပေါ် စာတန်​မာရ်နတ် အုပ်ချုပ်​နေတာကို အဆုံးတိုင်​ဖို့ ဆုံးဖြတ်ချက် ချထား​ပြီးပြီ။ “မာရ်နတ်ကို . . . ဖျက်ဆီး” ပြီး​ မာရ်နတ်​ ဖြစ်ပေါ်စေခဲ့​တဲ့ ပြဿနာ​ အားလုံးကို​ လုံးဝ ဖယ်ရှားပစ်​လိုက်မယ်​လို့ ဘုရား​သခင် ကတိပြု​ထားတယ်။ —ဟီဘရူး ၂:၁၄

  • ကမ္ဘာ​ကို အုပ်ချုပ်​ဖို့ ယေရှု​ခရစ်ကို ဘုရား​သခင် ရွေးချယ်​ထားပြီး​ပြီ။ ယေရှုဟာ ရက်စက်​ပြီး တစ်ကိုယ်ကောင်းဆန်​တဲ့ လက်ရှိ ကမ္ဘာ့​အုပ်စိုးရှင်​နဲ့ လုံးဝ မတူပါဘူး။ ဘုရင် ယေရှု​ခရစ်​နဲ့ပတ်သက်ပြီး ဘုရား​သခင် ဒီလို​ကတိပြု​ထားပါတယ်– “နိမ့်ကျ​သူတွေ၊ နွမ်းပါး​သူ​တွေကို သနား​လိမ့်မယ်။ . . . ဖိနှိပ်မှု​နဲ့ အကြမ်းဖက်မှု​က​နေ ကယ်တင်​လိမ့်မယ်။”—ဆာလံ ၇၂:၁၃၊ ၁၄

  • ဘုရား​သခင်​က မုသာမသုံး​နိုင်​ပါဘူး။ “ဘုရား​သခင်​ဘက်က မုသား​ပြောဆို​ဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့ သမ္မာကျမ်းစာ​မှာ ရှင်းရှင်း​လင်းလင်း ဖော်ပြထားပါတယ်။ (ဟီဘရူး ၆:၁၈) တစ်စုံတစ်ရာ​ကို လုပ်ဆောင်​ပေးမယ်လို့ ဘုရား​သခင် ကတိပြု​တဲ့အခါ လုပ်ဆောင်ပြီးတဲ့​အလား ကိုယ်တော် ရှုမြင်​တယ်။ (ဟေရှာယ​ ၅၅:၁၀၊ ၁၁) ဘုရား​သခင်​က “ဒီ​လောကရဲ့​မင်း​ကို နှင်​ထုတ်ပစ်​လိမ့်မယ်။”—ယောဟန် ၁၂:၃၁

စဉ်းစားကြည့်ပါ

ကမ္ဘာ့​အုပ်စိုးရှင်​ကို ဖယ်ရှားပြီး​တဲ့​နောက် ကမ္ဘာကြီး ဘယ်လို ဖြစ်သွား​မ​လဲ။

အဲဒီ​မေးခွန်း​အတွက် ကျမ်းစာအဖြေ​ကို ဆာလံ ၃၇:၁၀၊ ၁၁ နဲ့ ဗျာဒိတ် ၂၁:၃၊ ၄ တို့​မှာ ဖတ်ကြည့်ပါ။