မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တွေ စံထားထိုက်သူ ဒါဝိဒ်

လူငယ်တွေ စံထားထိုက်သူ ဒါဝိဒ်

ကူးယူပါ–

  1. ၁။ ဘုရားကို ဒါဝိဒ် ငယ်စဉ်ကတည်းက

    လွန်ချစ်လို့ ဆုတောင်း၊ သီချင်းများ ဆို

    သူ့ကို ကြည့်ရင်း အချစ်ပို

    ဘုရင်အဖြစ် ဘုရား ဘိသိက်ပေး

    သားရဲ ဝက်ဝံ ရင်ဆိုင်တိုက်ခိုက်ခဲ့ရလည်း

    နည်းနည်းလေးတောင် မကြောက်

    (ထပ်ကျော့ပိုဒ်)

    ဒါဝိဒ် ဘုရားကို အားကိုးလို့ပါပဲ

    ကိုယ်တော် အမြဲ သူ့ကို ဂရုစိုက်ကာကွယ်ပေး

    သူ့လိုပဲ တို့တွေလည်း နေ့တိုင်း ဆုတောင်းမယ်

    အစဉ်အမြဲ ယေဟောဝါကို ယုံကြည်မယ်

  2. ၂။ ကြီးလာပြန်တော့လည်း ရင်ဆိုင်ရပြန်

    ရန်သူတပ်တို့ ဟားတိုက်ကဲ့ရဲ့

    မိတ်ဆွေဘုရား နာမည် ထိခိုက်

    ဒါကို ဒါဝိဒ် ကြားတော့ သည်းမခံ

    ကျောက်ခဲတစ်လုံးနဲ့ တစ်ချက်တည်း လွှဲပစ်လို့

    ဂေါလျတ် နဖူး ထိမှန် လဲကျ

    (ထပ်ကျော့ပိုဒ်)

    ဒါဝိဒ် ဘုရားကို အားကိုးလို့ပါပဲ

    ကိုယ်တော် အမြဲ သူ့ကို ဂရုစိုက်ကာကွယ်ပေး

    သူ့လိုပဲ တို့တွေလည်း နေ့တိုင်း ဆုတောင်းမယ်

    အစဉ်အမြဲ ယေဟောဝါကို ယုံကြည်မယ်

    သူ့လိုပဲ တို့တွေလည်း နေ့တိုင်း ဆုတောင်းမယ်

    အစဉ်အမြဲ ယေဟောဝါကို ယုံကြည်မယ်။