သီချင်း ၄၈
ယေဟောဝါနဲ့ နေ့စဉ် လျှောက်လှမ်းပါ
-
၁။ ချစ်သောဖခင်နဲ့ လက်တွဲကာ
နှိမ့်ချခြင်းဖြင့် တို့နေ့စဉ် လျှောက်မှာ။
ဘုရား လမ်းတော် လိုက်ရှာသူများ
မခံစားထိုက် ကျေးဇူးခံရမှာ။
ဘုရားလက်ကို ကိုင်ဆွဲလျှောက်ဖို့
တို့အတွက် ကိုယ်တော် စီစဉ်ထား။
နှံအပ် တို့ကိုယ်ကို ဘုရားထံ
ယေဟောဝါဘက် တို့ရပ်တည်မှာ။
-
၂။ ဒီစနစ်ဆိုး ပျက်လုချိန်ခါ
စာတန့်ဒေါသ တောက်လောင်ပြင်းထန်လာ၊
ရင်ဆိုင်ရ တို့ ဆန့်ကျင်မှုများ၊
တုန်လှုပ်စိုးစိတ်ကြောင့် တို့လမ်းချော်နိုင်။
ရှင်ယေဟောဝါ တို့အား ကွယ်ကာ။
မြဲအစဉ် ဝတ်ပြုနိုင်ရေး၊
လွန်နီးကပ်လိုပါ ကိုယ်တော့်နား။
လမ်းမလွဲဘဲ သစ္စာရှိမှာ။
-
၃။ သန့်ရှင်းစွမ်းအားတော်၊ နှုတ်မြွက်တော်၊
ကိုယ်တော့် ခရစ်ယာန် အသင်းတော်အားဖြင့်၊
တို့ဆုတောင်းသံ နားညောင်းခြင်းဖြင့်
ပြင်ဆင်ပေးထား ထောက်မမှုများပင်။
ယေဟောဝါနဲ့ လျှောက်လှမ်းသောခါ၊
နှိမ့်ချကျိုးနွံ၊ မှန်ရာ လုပ်၊
ဘုရားကြင်နာမှု တုပကာ၊
လျှောက်နိုင်ဖို့ ကိုယ်တော် ကူညီမှာ။
(က. ၅:၂၄။ ၆:၉။ ၁ ဘု. ၂:၃၊ ၄ တို့ကိုလည်း ကြည့်ပါ။)