သီချင်း ၇၄
နိုင်ငံတော်တေး ပါဝင်သီဆိုကြ
-
၁။ ဒီတေးသီချင်း၊ ပျော်ရွှင်ဖွယ် အောင်ပွဲသီချင်း၊
အမြင့်ဆုံးအရှင်အား ချီးမွမ်းသီချင်း။
မျှော်လင့်ချက်ပေး၊ သစ္စာစောင့်ဖို့ တိုက်တွန်းပေး။
သီချင်းအကြောင်းကို ဝေမျှကြားသိကြ–
(ထပ်ကျော့ပိုဒ်)
‘လာကိုးကွယ်ကြ၊ ပလ္လင်တော်ရှေ့။
သားတော်ဘုရင် ဖြစ်ကြောင်း ကြေညာ။
နိုင်ငံတော်အကြောင်း ဖော်ကျူးသီချင်း သင်ကြပါ၊
ဦးညွှတ် ဘုရား၊ နာမမြတ် ချီးကျူးကြ။’
-
၂။ ဒီတေးသစ်နဲ့ နိုင်ငံတော်အကြောင်း ကြေညာ။
ခရစ်တော် အုပ်စိုး၊ ပိုင်နက်တော် မြေကမ္ဘာ။
ကြိုဟောတဲ့အတိုင်း လူမျိုးသစ်တစ်မျိုး ဖွားမြင်၊
အမွေခံများ ယေရှုမင်းကို ကြိုဆို–
(ထပ်ကျော့ပိုဒ်)
‘လာကိုးကွယ်ကြ၊ ပလ္လင်တော်ရှေ့။
သားတော်ဘုရင် ဖြစ်ကြောင်း ကြေညာ။
နိုင်ငံတော်အကြောင်း ဖော်ကျူးသီချင်း သင်ကြပါ၊
ဦးညွှတ် ဘုရား၊ နာမမြတ် ချီးကျူးကြ။’
-
၃။ နှိမ့်ချသူများ နိုင်ငံတော်တေးဆို ကျွမ်းကျင်၊
တေးသား ရှင်းလှ၊ သတင်း နွေးထွေးတောက်ပ။
ကမ္ဘာတစ်လွှား လူမြောက်မြားစွာ တတ်သိလာ၊
သူတို့တစ်ဖန် ခြားသူအား ဖိတ်ကြားပြန်–
(ထပ်ကျော့ပိုဒ်)
‘လာကိုးကွယ်ကြ၊ ပလ္လင်တော်ရှေ့။
သားတော်ဘုရင် ဖြစ်ကြောင်း ကြေညာ။
နိုင်ငံတော်အကြောင်း ဖော်ကျူးသီချင်း သင်ကြပါ၊
ဦးညွှတ် ဘုရား၊ နာမမြတ် ချီးကျူးကြ။’
(ဆာ. ၉၅:၆။ ၁ ပေ. ၂:၉၊ ၁၀။ ဗျာ. ၁၂:၁၀ တို့ကိုလည်း ကြည့်ပါ။)