သီချင်း ၇၉
ကြံ့ကြံ့ခံရပ်တည်နိုင်အောင် သင်ပေးပါ
-
၁။ ယေဟောဝါ သိုးများအား သွန်သင်ရ၊
တိုးတက်ပုံ မြင်ရ တို့ပျော်။
အမှန်တရား ကိုယ်ပိုင်ဖြစ်ဖို့ ကြိုးစား
ဘုရားလမ်းပြ၊ တို့တွေ့ရ။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါ၊ နားညောင်းတော်မူပါ။
သူတို့ကို ဂရုစိုက်ပေးပါ။
ယေရှုနာမအားဖြင့် ဆုတောင်း–
သူတို့ အောင်မြင်၊ ကြံ့ကြံ့ခံရပ်တည်နိုင်ပါစေ။
-
၂။ သူတို့ယုံကြည်ခြင်း စမ်းသပ်ခံရ၊
နေ့တိုင်း တို့ဆုတောင်းပေးကြ။
ဂရုစိုက် သွန်သင်ပေးသောအခါ
သူတို့ အားရှိ၊ ကောင်းချီးရ။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါ၊ နားညောင်းတော်မူပါ။
သူတို့ကို ဂရုစိုက်ပေးပါ။
ယေရှုနာမအားဖြင့် ဆုတောင်း–
သူတို့ အောင်မြင်၊ ကြံ့ကြံ့ခံရပ်တည်နိုင်ပါစေ။
-
၃။ ဘုရားနဲ့ သားတော်အား ယုံကြည်မှု၊
စိတ်ချမှု ခိုင်မြဲပါစေ။
နာခံမှု၊ ခံနိုင်စွမ်းတို့အားဖြင့်
အသက်ပြေးပွဲ ဆုရပါစေ။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါ၊ နားညောင်းတော်မူပါ။
သူတို့ကို ဂရုစိုက်ပေးပါ။
ယေရှုနာမအားဖြင့် ဆုတောင်း–
သူတို့ အောင်မြင်၊ ကြံ့ကြံ့ခံရပ်တည်နိုင်ပါစေ။