ဘယ်သူ့ အသိအမှတ်ပြုမှုကို ရချင်သလဲ
“ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။”—ဟီ. ၆:၁၀။
၁။ ကျွန်တော်တို့အားလုံးမှာ ဘယ်လိုဆန္ဒမျိုး ရှိကြသလဲ။
သင် လေးစားရတဲ့ အသိမိတ်ဆွေတစ်ယောက်က သင့်နာမည်ကို မေ့သွားရင်၊ သင့်ကိုတောင် မမှတ်မိတော့ရင် ဘယ်လိုခံစားရမလဲ။ တော်တော်စိတ်ပျက်သွားမှာပဲ။ ကျွန်တော်တို့အားလုံး အသိအမှတ်ပြုခံချင်ကြတာ သဘာဝပဲ။ ကိုယ့်ကို မှတ်မိရုံလောက်သာမဟုတ်ဘဲ ဘယ်လိုလူစားမျိုးလဲ၊ ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို အမှတ်ရစေချင်တယ်။—တော. ၁၁:၁၆။ ယောဘ ၃၁:၆။
၂၊ ၃။ အသိအမှတ်ပြုခံချင်စိတ်ဟာ ဘယ်လို တစ်ဖက်စွန်းရောက်သွားနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၂ ကျွန်တော်တို့ရဲ့ မစုံလင်မှုက အသိအမှတ်ပြုခံချင်စိတ်ကို တစ်ဖက်စွန်းရောက်သွားစေနိုင်တယ်။ စာတန့်လောကကလည်း ကျော်ကြားချင်စိတ်၊ အသိအမှတ်ပြုခံချင်စိတ် ဝင်လာအောင် သွေးထိုးပေးတယ်။ ဒီလိုနဲ့ ကောင်းကင်ဖခင် ယေဟောဝါဘုရားသာ ရထိုက်တဲ့ ကိုးကွယ်မှုနဲ့ အသိအမှတ်ပြုမှုကို ပေးဖို့ ပျက်ကွက်သွားနိုင်တယ်။—ဗျာ. ၄:၁၁။
လု. ၂၀:၄၆၊ ၄၇) ဒါပေမဲ့ ဒင်္ဂါးနှစ်ပြား လှူခဲ့တဲ့ ဆင်းရဲတဲ့ မုဆိုးမကိုတော့ တခြားသူတွေ သတိမပြုမိပေမဲ့ ယေရှု ချီးမွမ်းခဲ့တယ်။ (လု. ၂၁:၁-၄) အသိအမှတ်ပြုခြင်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့အမြင်ဟာ တခြားသူတွေနဲ့ အလွန်ကွာခြားတယ်။ ယေဟောဝါဘုရား လက်ခံတဲ့ အမြင်မှန်ရှိအောင် ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။
၃ ယေရှုခေတ်က ဘာသာရေးခေါင်းဆောင်တချို့မှာ အသိအမှတ်ပြုမှုနဲ့ပတ်သက်ပြီး လွဲမှားတဲ့အမြင် ရှိကြတယ်။ နောက်လိုက်တွေကို ယေရှု ဒီလို သတိပေးခဲ့တယ်– “ကျမ်းတတ်တွေကို သတိထားကြ။ သူတို့က ဝတ်လုံရှည်တွေ ဝတ်ပြီး သွားလာချင်တယ်။ စျေးမှာ ရိုရိုသေသေ နှုတ်ဆက်တာကို ခံချင်တယ်။ တရားဇရပ်ဆိုရင် ရှေ့ဆုံးခုံမှာ၊ စားသောက်ပွဲဆိုရင်လည်း အထင်ပေါ်ဆုံးနေရာမှာပဲ ထိုင်ချင်တယ်။ . . . ပိုကြီးလေးတဲ့ ပြစ်ဒဏ်ကို သူတို့ခံရလိမ့်မယ်။” (အကောင်းဆုံး အသိအမှတ်ပြုခြင်း
၄။ ဘယ်အသိအမှတ်ပြုမှုက အကောင်းဆုံးလဲ။ ဘာကြောင့်လဲ။
၄ အကောင်းဆုံး အသိအမှတ်ပြုမှုကို ဘယ်လိုရနိုင်မလဲ။ ပညာရေး၊ အလုပ်နဲ့ ဖျော်ဖြေရေးလောကမှာ လူတွေရှာနေတဲ့ အသိအမှတ်ပြုမှုမျိုးတော့ မဟုတ်ဘူး။ ပေါလု ဒီလိုပြောတယ်– “အခုတော့ ခင်ဗျားတို့ ဘုရားသခင်ကို သိလာကြပြီ။ ဘုရားသခင်ကလည်း ခင်ဗျားတို့ကို သိထားပြီ။ ဒါနဲ့တောင် အကျိုးမရှိ၊ အသုံးမဝင်တဲ့ အခြေခံတရားတွေဆီ ပြန်လှည့်ပြီး ဘာလို့ ကျွန်ခံချင်ရတာလဲ။” (ဂလ. ၄:၉) ကျွန်တော်တို့ကို စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင် ‘ဘုရားသခင် သိထား’ တယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ချစ်မြတ်နိုးပြီး ရင်းနှီးချင်တယ်။ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်နိုင်ဖို့ ဖန်ဆင်းထားတယ်။ အခွင့်ထူးကြီးပါပဲ။—ဒေ. ၁၂:၁၃၊ ၁၄။
၅။ ဘုရားသခင် သိတဲ့သူ ဘယ်လို ဖြစ်နိုင်မလဲ။
၅ အဲဒီလို ကောင်းချီးကို မောရှေ ရခဲ့တယ်။ ဘုရားလမ်းစဉ်တွေအကြောင်း ပိုသိလာဖို့ ဆုတောင်းတဲ့အခါ “ဒီတစ်ခါလည်း မင်းတောင်းဆိုတဲ့အတိုင်း လုပ်ပေးမယ်။ မင်းဟာ ငါ့စိတ်နဲ့တွေ့တဲ့သူပဲ။ မင်းကို ငါကောင်းကောင်းသိတယ်” လို့ ယေဟောဝါပြောတယ်။ (ထွ. ၃၃:၁၂-၁၇) ကျွန်တော်တို့ကိုလည်း ယေဟောဝါ ကောင်းကောင်းသိတဲ့အခါ ကောင်းချီးတွေ ရရှိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ သိတဲ့သူ ဘယ်လိုဖြစ်နိုင်မလဲ။ ဘုရားကို ချစ်ပြီး ဘုရားဆီ ဆက်ကပ်အပ်နှံဖို့ လိုတယ်။—၁ ကောရိန္သု ၈:၃ ကိုဖတ်ပါ။
၆၊ ၇။ ယေဟောဝါနဲ့ ဆက်ဆံရေးကို ဘာက ပျက်စီးစေနိုင်သလဲ။
၆ ကောင်းကင်ဖခင်နဲ့ အဖိုးတန် ဆက်ဆံရေးကို ထိန်းသိမ်းထားရမယ်။ ပေါလု စာရေးခဲ့တဲ့ ဂလာတိမြို့က ခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း ဒီလောကရဲ့ အသိအမှတ်ပြုမှု အပါအဝင် “အကျိုးမရှိ၊ အသုံးမဝင်တဲ့ အခြေခံတရားတွေ” ရဲ့ကျွန် မဖြစ်အောင် ရှောင်ရမယ်။ (ဂလ. ၄:၉) ပထမရာစု ခရစ်ယာန်တွေဟာ ဘုရားသိတဲ့သူဖြစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အကျိုးမရှိတဲ့အရာတွေဘက် “ပြန်လှည့်” သွားတယ်လို့ ပေါလုပြောတယ်။ “ဒီလောက်ကြိုးစားပြီးမှ အကျိုးမရှိ၊ အသုံးမဝင်တဲ့ အရာတွေဆီ ဘာကြောင့် ပြန်လှည့်သွားတာလဲ” လို့ ပေါလုပြောနေတာ။
၇ ကျွန်တော်တို့လည်း အဲဒီလို ဖြစ်သွားနိုင်သလား။ ဖြစ်သွားနိုင်တယ်။ ယေဟောဝါအကြောင်း သိခါစတုန်းက ပေါလုလိုပဲ စာတန့်လောကရဲ့ အသိအမှတ်ပြုမှုကို စွန့်လွှတ်ခဲ့ကြတယ်။ (ဖိလိပ္ပိ ၃:၇၊ ၈ ကိုဖတ်ပါ။) အဆင့်မြင့်ပညာ သင်ယူဖို့၊ ရာထူးတိုးဖို့၊ စီးပွားရေးလောကမှာ ငွေပိုရဖို့ အခွင့်အရေးတွေ ဖြစ်နိုင်တယ်။ ဂီတပါရမီ၊ အားကစားစွမ်းရည်တွေကြောင့် နာမည်ကျော်ပြီး ချမ်းသာနိုင်ပေမဲ့ အားလုံးကို စွန့်လွှတ်ခဲ့တယ်။ (ဟီ. ၁၁:၂၄-၂၇) အဲဒီလို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာကို အခုကျမှ ‘အခွင့်အရေး ဆုံးရှုံး’ တယ်လို့ ရှုမြင် တာ သိပ်မိုက်မဲတယ်။ အဲဒီလို သဘောထားက “အကျိုးမရှိ၊ အသုံးမဝင်” လို့ ကိုယ်သတ်မှတ်ထားတဲ့အရာတွေနောက် ပြန်လိုက်မိသွားစေနိုင်တယ်။
စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေပါ
၈။ ယေဟောဝါရဲ့ အသိအမှတ်ပြုမှု ရယူဖို့ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဘယ်လို ခိုင်မာစေနိုင်သလဲ။
၈ လောကရဲ့ အသိအမှတ်ပြုမှု မဟုတ်ဘဲ ယေဟောဝါရဲ့ အသိအမှတ်ပြုမှု ရယူဖို့ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဘယ်လို ခိုင်မာစေနိုင်သလဲ။ အရေးကြီးတဲ့အချက် နှစ်ချက်ကို အမှတ်ရနေဖို့ လိုတယ်။ ပထမ၊ သစ္စာရှိသူတွေကို ယေဟောဝါ အမြဲ အသိအမှတ်ပြုတယ်။ (ဟီဘရူး ၆:၁၀။ ၁၁:၆ ကိုဖတ်ပါ။) ကျေးကျွန်တစ်ယောက်စီကို ယေဟောဝါ အလွန်တန်ဖိုးထားတယ်။ သစ္စာရှိသူတွေအပေါ် အရေးမစိုက်တာကို ‘မဖြောင့်မတ်တဲ့’ လုပ်ရပ်အဖြစ် ရှုမြင်တယ်။ “မိမိရဲ့လူ ဘယ်သူလဲဆိုတာ” ဘုရား အမြဲ “သိတယ်။” (၂ တိ. ၂:၁၉) ‘ဖြောင့်မတ်သူတွေရဲ့ လမ်းစဉ်ကို သိ’ သလို ဒုက္ခတွေကြားကနေ ဘယ်လို ကယ်တင်ရမလဲဆိုတာလည်း သိတယ်။—ဆာ. ၁:၆။ ၂ ပေ. ၂:၉။
၉။ မိမိလူမျိုးကို ယေဟောဝါ အသိအမှတ်ပြုကြောင်း ဥပမာ ပေးပါ။
၉ တစ်ခါတလေ ယေဟောဝါက မိမိလူမျိုးကို ထူးခြားတဲ့နည်းတွေနဲ့ အသိအမှတ်ပြုတယ်။ (၂ ရာ. ၂၀:၂၀၊ ၂၉) ဥပမာ၊ ဖာရောရဲ့ စစ်တပ်ကြီး လိုက်လာတုန်းက ပင်လယ်နီမှာ မိမိလူမျိုးကို ယေဟောဝါ ဘယ်လို ကယ်တင်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ (ထွ. ၁၄:၂၁-၃၀။ ဆာ. ၁၀၆:၉-၁၁) အဲဒီဖြစ်ရပ်က ထူးခြားလွန်းလို့ နှစ်ပေါင်း ၄၀ ကြာပြီးနောက်မှာတောင် လူတွေပြောလို့ မဆုံးသေးဘူး။ (ယောရှု ၂:၉-၁၁) ကြိုဟောထားတဲ့ မာဂေါဂပြည်က ဂေါဂမင်းရဲ့ တိုက်ခိုက်မှုကို ကျွန်တော်တို့ ကြုံရချိန်မှာ ယေဟောဝါရဲ့ အဲဒီလို အသိအမှတ်ပြုမှုနဲ့ တန်ခိုးတော်အကြောင်း ပြန်အမှတ်ရတာက အားရှိစရာပဲ။ (ယေဇ. ၃၈:၈-၁၂) အဲဒီအချိန်မှာ လောကရဲ့အသိအမှတ်ပြုမှုကို မဟုတ်ဘဲ ဘုရားသခင်ရဲ့ အသိအမှတ်ပြုမှုကို ရှာခဲ့လို့ အလွန်ကျေးဇူးတင်ကြပါလိမ့်မယ်။
၁၀။ ယေဟောဝါရဲ့ အသိအမှတ်ပြုမှုနဲ့ပတ်သက်ပြီး ဘယ်အချက်ကို စိတ်စွဲမှတ်ထားရမလဲ။
၁၀ အရေးကြီးတဲ့ ဒုတိယအချက်ကိုလည်း သတိရဖို့လိုတယ်။ မမျှော်လင့်ထားတဲ့ နည်းတွေနဲ့ ယေဟောဝါ အသိအမှတ်ပြုနိုင်တယ်။ လူမြင်ကောင်းရုံလောက်သာ ကောင်းမှုပြုသူတွေဟာ ယေဟောဝါဆီက ဘာကောင်းချီးမှ ရမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ တခြားသူတွေရဲ့ ချီးမွမ်းမှုကို ခံရချိန်မှာ လိုချင်တဲ့အကျိုးကို ရပြီးသားဖြစ်လို့ပဲ။ (မဿဲ ၆:၁-၅ ကိုဖတ်ပါ။) ဒါပေမဲ့ တခြားသူတွေကို လုပ်ပေးတဲ့ ကောင်းမှုအတွက် အသိအမှတ်ပြု မခံရသူတွေနဲ့ပတ်သက်ရင်တော့ ဘုရားသခင်က “ဆိတ်ကွယ်ရာကို မြင်” တယ်။ တစ်ယောက်စီရဲ့ လုပ်ရပ်တွေကို သတိပြုမိပြီး ကောင်းချီးပေးတယ်။ တစ်ခါတလေ မမျှော်လင့်ထားတဲ့နည်းတွေနဲ့ ကောင်းချီးပေးတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ကြစို့။
နိမ့်ကျတဲ့ မိန်းကလေး မမျှော်လင့်ထားတဲ့ အသိအမှတ်ပြုမှု ခံရ
၁၁။ မာရိကို ယေဟောဝါ ဘယ်လို အသိအမှတ်ပြုခဲ့သလဲ။
၁၁ သားတော် ယေရှုရဲ့ မိခင်ဖြစ်ဖို့ နိမ့်ကျတဲ့ အပျိုစင် မာရိကို ယေဟောဝါ ရွေးချယ်ခဲ့တယ်။ မာရိဟာ ဂျေရုဆလင်မြို့၊ ခမ်းနားလှတဲ့ ဗိမာန်တော်နဲ့ ဝေးရာ မထင်ပေါ်တဲ့ နာဇရက်မြို့မှာ နေထိုင်တယ်။ (လုကာ ၁:၂၆-၃၃ ကိုဖတ်ပါ။) ဒီအခွင့်ထူးအတွက် မာရိကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။ မာရိကို “ဘုရား မျက်နှာသာရတဲ့သူ” လို့ ကောင်းကင်တမန် ဂါဗြေလ ပြောခဲ့တယ်။ နောက်ပိုင်း၊ ဆွေမျိုးဖြစ်တဲ့ ဧလိရှဗက်နဲ့ ပြောတဲ့စကားမှာ မာရိရဲ့ ဘုရားရေးရာစိတ်ဓာတ်ကို တွေ့နိုင်တယ်။ (လု. ၁:၄၆-၅၅) ယေဟောဝါက မာရိကို စောင့်ကြည့်နေပြီး သူ့ရဲ့ သစ္စာရှိမှုကြောင့် မမျှော်လင့်ထားတဲ့ အခွင့်ထူးပေးခဲ့တယ်။
၁၂၊ ၁၃။ ယေရှု မွေးဖွားချိန်မှာ၊ ရက် ၄၀ ကြာပြီးနောက် ဗိမာန်တော်မှာ ဘယ်လိုအသိအမှတ်ပြုမှု ရခဲ့သလဲ။
၁၂ ယေရှုကို မွေးဖွားချိန်မှာ ဂျေရုဆလင်နဲ့ ဘက်သလီဟင်မြို့က အထင်ကရ အရာရှိတွေနဲ့ အုပ်စိုးရှင်တွေကို ယေဟောဝါ အသိမပေးဘူး။ အဲဒီအစား ဘက်သလီဟင်မြို့ပြင်မှာ သိုးထိန်းနေတဲ့ နိမ့်ကျတဲ့ သိုးထိန်းတွေရှေ့ ကောင်းကင်တမန်တွေ ပေါ်လာပြီး အသိပေးတယ်။ (လု. ၂:၈-၁၄) သိုးထိန်းတွေလည်း မွေးကင်းစကလေးကို သွားကြည့်ကြတယ်။ (လု. ၂:၁၅-၁၇) ယေရှု အဲဒီလို ဂုဏ်တင်ခံရတဲ့အတွက် မာရိနဲ့ ယောသပ် အံ့ဩကြည်နူးမိမှာပဲ။ ယေဟောဝါရဲ့ လုပ်ဆောင်ပုံနဲ့ မာရ်နတ်ရဲ့ လုပ်ဆောင်ပုံ အလွန်ကွာခြားကြောင်း သုံးသပ်ကြည့်ပါ။ ယေရှုနဲ့ မိဘတွေဆီ နက္ခတ်ဗေဒင်ဆရာတွေကို စာတန် စေလွှတ်ချိန်မှာ ယေရှု မွေးပြီဆိုတဲ့ သတင်းကြောင့် ဂျေရုဆလင် တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ (မ. ၂:၃) အဲဒီလို လူသိရှင်ကြားဖြစ်သွားလို့ အပြစ်မဲ့တဲ့ ကလေးများစွာ အသတ်ခံခဲ့ရတယ်။—မ. ၂:၁၆။
၁၃ ယေရှု မွေးပြီး ရက်လေးဆယ်ကြာတဲ့အခါ မာရိဟာ ဘက်သလီဟင်မြို့နဲ့ ခြောက်မိုင်ဝေးတဲ့ ဂျေရုဆလင် ဗိမာန်တော်မှာ ယေဟောဝါဆီ ပူဇော်သက္ကာ ဆက်သရမယ်။ (လု. ၂:၂၂-၂၄) ယောသပ်၊ ယေရှုနဲ့အတူ မာရိ ခရီးသွားရင်း ဒီကလေးကို တာဝန်ကျ ပုရောဟိတ်ကများ အထူးနည်းနဲ့ အသိအမှတ်ပြုမလားလို့ တွေးနေမိမှာပဲ။ ယေရှုဟာ မာရိ မမျှော်လင့်ထားတဲ့နည်းနဲ့ အသိအမှတ်ပြု ခံခဲ့ရတယ်။ “ဖြောင့်မတ်သူ၊ ဘုရားတရားကြည်ညိုသူ” ရှိမောင်နဲ့ အသက် ၈၄ နှစ်အရွယ် မုဆိုးမ ပရောဖက်မ အန္နကို ယေဟောဝါ သုံးပြီး ယေရှုဟာ ကတိထားရာ မေရှိယ၊ ခရစ်တော်ဖြစ်လာမယ်လို့ အသိအမှတ်ပြုခဲ့တယ်။—လု. ၂:၂၅-၃၈။
၁၄။ ယေဟောဝါဆီက ဘယ်ကောင်းချီးတွေကို မာရိ ရခဲ့သလဲ။
၁၄ သားတော်ကို သစ္စာရှိရှိ ပြုစုပျိုးထောင်ခဲ့တဲ့အတွက် မာရိကိုရော ယေဟောဝါ ဆက်အသိအမှတ်ပြုခဲ့သလား။ ပြုခဲ့ပါတယ်။ မာရိရဲ့ လုပ်ရပ်နဲ့ စကားတွေကို ကျမ်းစာမှာ မှတ်တမ်းတင်စေခဲ့တယ်။ အမှုဆောင်လုပ်ငန်း သုံးနှစ်ခွဲအတွင်း ယေရှုနဲ့အတူ မာရိ မလိုက်နိုင်ခဲ့ဘူး။ မုဆိုးမဖြစ်လို့ နာဇရက်မြို့မှာ နေခဲ့ပုံရတယ်။ အခွင့်ထူးများစွာ ဆုံးရှုံးခဲ့ပေမဲ့ ယေရှု သေဆုံးချိန်မှာတော့ အနားမှာ ရှိနေတယ်။ (ယော. ၁၉:၂၆) နောက်ပိုင်း သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းတဲ့ ပင်တေကုတ္တေပွဲအတွင်း တပည့်တွေနဲ့အတူ ဂျေရုဆလင်မြို့မှာ မာရိ ရှိနေခဲ့တယ်။ (တ. ၁:၁၃၊ ၁၄) အဲဒီမှာ တခြားသူတွေနဲ့အတူ ဘိသိက်ပေးခံခဲ့ရနိုင်တယ်။ အဲဒီလိုသာဆိုရင် ယေရှုနဲ့အတူ ကောင်းကင်မှာ ထာဝရနေခွင့် ရလိုက်တာပဲ။ သူ့ရဲ့ သစ္စာရှိရှိလုပ်ဆောင်မှုအတွက် အကောင်းဆုံး ဆုလာဘ်ပါပဲ။
သားတော်ကို ယေဟောဝါ အသိအမှတ်ပြု
၁၅။ ယေရှု မြေကြီးပေါ်ရှိနေတုန်း ယေဟောဝါ ဘယ်လို အသိအမှတ်ပြုခဲ့သလဲ။
၁၅ ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အသိအမှတ်ပြုမှုကို ယေရှု မလိုချင်ဘူး။ ဒါပေမဲ့ ကောင်းကင်ကနေ ယေဟောဝါ သုံးကြိမ် တိုက်ရိုက်စကားပြောပြီး အသိအမှတ်ပြုခဲ့လို့ ယေရှု အားရှိခဲ့မှာပဲ။ ဂျော်ဒန်မြစ်ထဲ ယေရှု နှစ်ခြင်းခံပြီးတာနဲ့ “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ” လို့ ယေဟောဝါ ပြောတယ်။ (မ. ၃:၁၇) ဒါကို နှစ်ခြင်းဆရာ ယောဟန် တစ်ယောက်ပဲ ကြားခဲ့ပုံရတယ်။ ယေရှု မသေဆုံးခင် တစ်နှစ်လောက်မှာလည်း “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ။ သူ့စကားကို နားထောင်ကြ” လို့ ယေဟောဝါ ပြောတာကို တမန်တော် သုံးယောက် ကြားခဲ့တယ်။ (မ. ၁၇:၅) နောက်ဆုံး၊ ယေရှု မသေဆုံးခင် ရက်အနည်းငယ် မှာ ကောင်းကင်ကနေ ယေဟောဝါ ထပ်စကားပြောခဲ့တယ်။—ယော. ၁၂:၂၈။
၁၆၊ ၁၇။ မမျှော်လင့်ထားတဲ့နည်းနဲ့ ယေရှုကို ယေဟောဝါ ဘယ်လို အသိအမှတ်ပြုခဲ့သလဲ။
၁၆ ဘုရားကို စော်ကားသူအဖြစ် စွပ်စွဲခံရပြီး အရှက်တကွဲ သေဆုံးရမယ်ဆိုတာ သိပေမဲ့လည်း မိမိဆန္ဒအတိုင်း မဟုတ်ဘဲ ဖခင်ရဲ့ ဆန္ဒအတိုင်း ဖြစ်ဖို့ ယေရှု ဆုတောင်းခဲ့တယ်။ (မ. ၂၆:၃၉၊ ၄၂) လောကအသိအမှတ်ပြုမှု မဟုတ်ဘဲ ဖခင်ရဲ့ အသိအမှတ်ပြုမှု ရချင်တဲ့အတွက် “အရှက်ခွဲခံရတာကို အရေးမစိုက်ဘဲ ဒုက္ခသစ်တိုင်ပေါ်မှာ အသေခံခဲ့တယ်။” (ဟီ. ၁၂:၂) ယေဟောဝါ ဘယ်လို အသိအမှတ်ပြုခဲ့သလဲ။
၁၇ ကောင်းကင်မှာ ဖခင်နဲ့အတူ ခံစားခဲ့ရတဲ့ ဘုန်းအသရေမျိုး ပြန်ခံစားလိုကြောင်း ယေရှု မြေကြီးပေါ်ရှိတုန်း ဆုတောင်းခဲ့တယ်။ (ယော. ၁၇:၅) အဲဒီထက်ပိုပြီး မျှော်လင့်တယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ယေဟောဝါ ဘာလုပ်ပေးခဲ့သလဲ။ ရှင်ပြန်ထမြောက်ပေးပြီး “သာလွန်မြင့်မြတ်တဲ့ အနေအထား” နဲ့ မသေနိုင်တဲ့ နာမ်ဝိညာဉ်အသက်ကို ပေးခဲ့တယ်။ * ဒီနည်းအားဖြင့် မမျှော်လင့်ထားတဲ့နည်းနဲ့ ဂုဏ်တင်ခဲ့တယ်။ (ဖိ. ၂:၉။ ၁ တိ. ၆:၁၆) ယေရှုရဲ့ သစ္စာရှိလမ်းစဉ်အတွက် ထူးခြားတဲ့ အသိအမှတ်ပြုမှုပါပဲ။
၁၈။ လောကရဲ့ အသိအမှတ်ပြုမှု မရှာဖို့ ဘာက ကူညီပေးမလဲ။
၁၈ လောကရဲ့ အသိအမှတ်ပြုမှု မရှာဖို့ ဘာက ကူညီပေးမလဲ။ သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ အမြဲ အသိအမှတ်ပြုကြောင်း၊ ကောင်းချီးပေးကြောင်း၊ တစ်ခါတလေ မမျှော်လင့်ထားတဲ့ နည်းတွေနဲ့ ကောင်းချီးပေးကြောင်းကို သတိရပါ။ အနာဂတ်မှာ မမျှော်လင့်ထားတဲ့ ကောင်းချီးတွေ စောင့်ကြိုနေနိုင်တယ်။ လောလောဆယ် ဒီဆိုးညစ်တဲ့လောကမှာ အခက်အခဲတွေ၊ စမ်းသပ်မှုတွေ ခံရပ်ရင်း ဒီလောကနဲ့ လောကရဲ့ အသိအမှတ်ပြုမှု အားလုံး ရွေ့သွားကွယ်ပျောက်နေကြောင်း အမြဲသတိရနေကြစို့။ (၁ ယော. ၂:၁၇) မေတ္တာရှင် ဖခင် ‘ယေဟောဝါဟာ ဖြောင့်မတ်တဲ့ဘုရားဖြစ်လို့ ကျွန်တော်တို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက်ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး။’ (ဟီ. ၆:၁၀) ကျွန်တော်တို့ကို မျက်နှာသာပေးပြီး မမျှော်လင့်ထားတဲ့နည်းတွေနဲ့တောင် ကောင်းချီးပေးပါလိမ့်မယ်။
^ အပိုဒ်၊ 17 ဟီဘရူးကျမ်းစောင်တွေမှာ မသေနိုင်တဲ့အဖြစ်အကြောင်း မဖော်ပြထားတဲ့အတွက် ဒါဟာ မျှော်လင့်မထားတဲ့ ကောင်းချီး ဖြစ်နိုင်တယ်။