စိတ်ရှည်ရှည် စောင့်ဆိုင်းချင်ပါသလား
“ခင်ဗျားတို့လည်း စိတ်ရှည်ကြပါ။”—ယာ. ၅:၈။
၁၊ ၂။ (က) ‘ဘယ်လောက်ကြာကြာလဲ’ လို့ ဘာကြောင့် မေးမိနိုင်သလဲ။ (ခ) ရှေးခေတ် သစ္စာရှိ ကျေးကျွန်တွေရဲ့ ပုံသက်သေက ဘာကြောင့် အားရှိစရာ ဖြစ်နိုင်သလဲ။
‘ဘယ်လောက်ကြာမလဲ။’ ‘ဘယ်အချိန်အထိလဲ။’ သစ္စာရှိ ပရောဖက် ဟေရှာယနဲ့ ဟဗက္ကုတ်တို့ အဲဒီလို မေးခဲ့ကြတယ်။ (ဟေရှာ. ၆:၁၁။ ဟဗ. ၁:၂) ဆာလံ ၁၃ ကို ရေးတုန်းက ဘုရင်ဒါဝိဒ်လည်း ‘ဘယ်လောက်ကြာကြာလဲ’ လို့ လေးကြိမ် မေးခဲ့တယ်။ (ဆာ. ၁၃:၁၊ ၂) ပတ်ဝန်းကျင်မှာရှိတဲ့ သစ္စာမဲ့သူတွေကြောင့် သခင် ယေရှုခရစ်လည်း အဲဒီလို မေးခဲ့တယ်။ (မ. ၁၇:၁၇) ကျွန်တော်တို့လည်း အဲဒီလိုမေးမိတဲ့အခါ မအံ့ဩသင့်ဘူး။
၂ ‘ဘယ်လောက်ကြာကြာလဲ’ လို့ ဘာကြောင့် မေးမိနိုင်သလဲ။ မတရားမှုတစ်မျိုးမျိုး ကြုံနေရလို့ ဖြစ်နိုင်တယ်။ အိုမင်းမှု၊ ဖျားနာမှု၊ “အလွန် ခက်ခဲကျပ်တည်း” တဲ့ “နောက်ဆုံးကာလ” ဖိစီးမှုတွေ ခံနေရနိုင်တယ်။ (၂ တိ. ၃:၁) ပတ်ဝန်းကျင်က လူတွေရဲ့ မှားယွင်းတဲ့သဘောထားကြောင့် စိတ်ပင်ပန်းနေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ယေဟောဝါရဲ့ ရှေးခေတ် သစ္စာရှိကျေးကျွန်တွေ အလားတူ မေးခဲ့တာ၊ သူတို့တစ်တွေ အပြစ်တင်မခံရတာကို သိရခြင်းက အားရှိစရာပါပဲ။
၃။ ခက်ခဲတဲ့ အခြေအနေတွေ ကြုံရတဲ့အခါ ဘာက ကူညီပေးနိုင်သလဲ။
၃ ခက်ခဲတဲ့ အခြေအနေတွေ ကြုံရတဲ့အခါ ဘာက ကူညီပေးနိုင်သလဲ။ “ညီအစ်ယာ. ၅:၇) ကျွန်တော်တို့အားလုံး စိတ်ရှည်ဖို့ လိုတယ်။ စိတ်ရှည်ခြင်းမှာ ဘာတွေ ပါဝင်သလဲ။
ကိုတို့၊ သခင် ရောက်ရှိနေချိန်အထိ စိတ်ရှည်ကြပါ” လို့ ယေရှုရဲ့ မိတူဖကွဲညီ တပည့်တော် ယာကုပ် ပြောခဲ့တယ်။ (စိတ်ရှည်ခြင်းဆိုတာ ဘာလဲ
၄၊ ၅။ (က) စိတ်ရှည်ခြင်းမှာ ဘာတွေ ပါဝင်သလဲ။ (ခ) စိတ်ရှည်ခြင်းရဲ့ ကဏ္ဍတစ်ခုကို တပည့်တော်ယာကုပ် ဘယ်လို ဖော်ပြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၄ ကျမ်းစာအရ စိတ်ရှည်ခြင်းဆိုတာ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးဖြစ်တယ်။ မစုံလင်တဲ့ လူသားတွေဟာ ဘုရားသခင့် ကူညီမှု မပါဘဲ လိုအပ်သလောက် စိတ်မရှည်နိုင်ကြဘူး။ စိတ်ရှည်ခြင်းဟာ ဘုရားပေးလက်ဆောင်ပါ။ ဘုရားကို ချစ်ကြောင်း တင်ပြနိုင်တဲ့ အဓိကနည်းပါ။ တခြားသူတွေကို ချစ်ကြောင်းလည်း တင်ပြရာကျတယ်။ စိတ်မရှည်ရင် မေတ္တာနှောင်ကြိုး အားနည်းတတ်တယ်။ စိတ်ရှည်ရင်တော့ မေတ္တာနှောင်ကြိုး ခိုင်မြဲတတ်တယ်။ (၁ ကော. ၁၃:၄။ ဂလ. ၅:၂၂) စိတ်ရှည်ခြင်းမှာ အရေးကြီးတဲ့ ခရစ်ယာန် အရည်အသွေးများစွာ ပါဝင်တယ်။ ဥပမာ၊ စိတ်ရှည်ခြင်းဟာ ခံနိုင်ရည်နဲ့ အနီးကပ်ဆက်စပ်တယ်။ ခက်ခဲတဲ့ အခြေအနေကို အပြုသဘောထားနဲ့ ခံရပ်စေနိုင်တယ်။ (ကော. ၁:၁၁။ ယာ. ၁:၃၊ ၄) စိတ်ရှည်ခြင်းမှာ ဘာပဲကြုံရပါစေ လက်တုံ့မပြန်ဘဲ ကြံ့ကြံ့ခံရပ်တည်ခြင်းလည်း ပါဝင်တယ်။ စောင့်ဆိုင်းဖို့ လိုအပ်တာကို လိုလိုလားလား လက်ခံဖို့ ကျမ်းစာမှာ တိုက်တွန်းထားတယ်။ စိတ်ရှည်ခြင်းရဲ့ အဲဒီကဏ္ဍကို ယာကုပ် ၅:၇၊ ၈ (ဖတ်ပါ) မှာ ဖော်ပြထားတယ်။
၅ ယေဟောဝါ လုပ်ဆောင်မယ့်အချိန်ကို စောင့်ဆိုင်းဖို့ လိုအပ်တာကို ဘာကြောင့် လိုလိုလားလား လက်ခံရမလဲ။ ယာကုပ်က ကျွန်တော်တို့ရဲ့ အခြေအနေကို လယ်သမားရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ခဲ့တယ်။ လယ်သမားဟာ ပင်ပင်ပန်းပန်း စိုက်ပျိုးပေမဲ့ ရာသီဥတုကို မထိန်းချုပ်နိုင်ဘူး၊ အပင်ကြီးလာအောင်လည်း မလုပ်နိုင်ဘူး။ အချိန်ကုန်မြန်အောင် မလုပ်နိုင်ဘူး။ “အဖိုးတန်တဲ့ မြေထွက်သီးနှံတွေ” ကို စိတ်ရှည်စွာ စောင့်ဆိုင်းဖို့ လိုအပ်တာကို လက်ခံရတယ်။ အလားတူပဲ ယေဟောဝါရဲ့ ကတိတွေ ပြည့်စုံမယ့်အချိန်ကို စောင့်ဆိုင်းနေချိန်မှာ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့အရာများစွာ ရှိတယ်။ (မာ. ၁၃:၃၂၊ ၃၃။ တ. ၁:၇) လယ်သမားလိုပဲ စိတ်ရှည်ရှည် စောင့်ဆိုင်းရမယ်။
၆။ ပရောဖက် မိက္ခာရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။
၆ ဒီနေ့ ကျွန်တော်တို့ ကြုံနေရတဲ့ အခြေအနေတွေဟာ ပရောဖက် မိက္ခာခေတ်က အခြေအနေတွေနဲ့ တူတယ်။ မင်းဆိုး အာခတ် အုပ်စိုးချိန်၊ မကောင်းမှုမျိုးစုံ ပျံ့နှံ့နေချိန်မှာ မိက္ခာ အသက်ရှင်ခဲ့တယ်။ လူတွေဟာ ‘မကောင်းတာလုပ်ဖို့ သိပ်ကျွမ်းကျင်ကြ’ တယ်။ (မိက္ခာ ၇:၁-၃ ကိုဖတ်ပါ။) အခြေအနေကို မပြောင်းလဲနိုင်မှန်း မိက္ခာ သိတယ်။ သူ ဘာလုပ်နိုင်သလဲ။ “ကျွန်တော်ကတော့ ယေဟောဝါကို အမြဲမျှော်လင့်နေမယ်။ ကယ်တင်ရှင် ဘုရားသခင်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်။ ကျွန်တော်ပြောတာကို ဘုရားသခင် ကြားလိမ့်မယ်” လို့ မိက္ခာ ပြောတယ်။ (မိ. ၇:၇) မိက္ခာလိုပဲ ကျွန်တော်တို့လည်း ‘စိတ်ရှည်ရှည် စောင့်’ ရမယ်။
၇။ ယေဟောဝါရဲ့ ကတိတွေ ပြည့်စုံမယ့်အချိန်ကို စောင့်နေရုံထက်မက ဘာကြောင့် လိုအပ်သလဲ။
၇ ကျွန်တော်တို့မှာ မိက္ခာလို ယုံကြည်ခြင်းမျိုး ရှိမယ်ဆိုရင် ယေဟောဝါကို လိုလိုလားလား စောင့်ဆိုင်းပါလိမ့်မယ်။ ကွပ်မျက်ခံရမယ့်နေ့ကို စောင့်ဆိုင်းနေတဲ့ အကျဉ်းသားလို မဟုတ်ဘူး။ သူဟာ မဖြစ်မနေ စောင့်နေရတယ်။ ရလဒ်ကို မျှော်လင့်မနေဘူး။ ကျွန်တော်တို့ကတော့ အဲဒီလို မဟုတ်ဘူး။ အသင့်တော်ဆုံး၊ အကောင်းဆုံးအချိန် အတိအကျမှာ ထာဝရအသက် ပေးမယ်ဆိုတဲ့ကတိကို ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ သိထားလို့ လိုလိုလားလား စောင့်ဆိုင်းနေကြတယ်။ “အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်” နေကြတယ်။ (ကော. ၁:၁၁၊ ၁၂) ယေဟောဝါ အမြန် မလုပ်ဆောင်ဘူးလို့ ညည်းညူမြည်တမ်းရင်း စောင့်ဆိုင်းတာကို ဘုရားသခင် မနှစ်သက်ဘူး။—ကော. ၃:၁၂။
စိတ်ရှည်ခြင်းဆိုင်ရာ သစ္စာရှိ ပုံသက်သေများ
၈။ ရှေးခေတ် သစ္စာရှိ အမျိုးသား/သမီးတွေရဲ့ ပုံသက်သေကို တွေးတောရင်း ဘာကို အမှတ်ရသင့်သလဲ။
၈ ကတိတွေအတိုင်း ယေဟောဝါ လုပ်ပေးမယ့်အချိန်ကို စိတ်ရှည်ရှည် စောင့်ခဲ့ကြတဲ့ ရှေးခေတ် သစ္စာရှိအမျိုးသား/သမီးတွေကို သတိရရင် ပိုစောင့်ဆိုင်းချင်ပါလိမ့်မယ်။ (ရော. ၁၅:၄) သူတို့ရဲ့ ပုံသက်သေကို တွေးတောရင်း ဘယ်လောက်ကြာကြာ စောင့်ခဲ့ကြသလဲ၊ ဘာကြောင့် တလိုတလား စောင့်ခဲ့ကြသလဲ၊ စိတ်ရှည်မှုကြောင့် ဘာကောင်းချီးတွေ ရရှိခဲ့သလဲဆိုတာ အမှတ်ရသင့်တယ်။
၉၊ ၁၀။ ယေဟောဝါကို အာဗြဟံနဲ့ စာရာ ဘယ်လောက်ကြာကြာ စောင့်ဆိုင်းခဲ့ကြသလဲ။
၉ အာဗြဟံနဲ့ စာရာရဲ့ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ “ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်ကို အမွေရခဲ့သူတွေ” ထဲမှာ သူတို့ ပါတယ်။ “အာဗြဟံက စိတ်ရှည်ရှည် စောင့်ဆိုင်းပြီးတဲ့နောက်” မိမိကို ကောင်းချီးပေးမယ်၊ မျိုးနွယ်ကို များပြားစေမယ်ဆိုတဲ့ ကတိအတိုင်း ခံစားခဲ့ရတယ်။ (ဟီ. ၆:၁၂၊ ၁၅) အာဗြဟံ ဘာကြောင့် စိတ်ရှည်ဖို့ လိုအပ်သလဲ။ ရိုးရိုးလေးပြောရရင် ကတိပြည့်စုံဖို့ အချိန်လိုလို့ပဲ။ အာဗြဟံနဲ့ ယေဟောဝါ ဖွဲ့တဲ့ ပဋိညာဉ်ဟာ ဘီစီ ၁၉၄၃၊ နိသန်လ ၁၄ ရက်မှာ စတင် အကျိုးသက်ရောက်ခဲ့တယ်။ အဲဒါက အာဗြဟံ၊ စာရာနဲ့ မိသားစု ယူဖရေးတီးမြစ်ကို ဖြတ်ကူးပြီး ကတိထားရာပြည်ထဲ ဝင်တဲ့အချိန်ဖြစ်တယ်။ အဲဒီနောက် ဘီစီ ၁၉၁၈ မှာ သားအိဇက် မွေးတဲ့အထိ ၂၅ နှစ် စောင့်ဆိုင်းခဲ့ရတယ်။ ဘီစီ ၁၈၅၈ မှာ မြေး ဧသောနဲ့ ယာကုပ် မွေးတဲ့အထိ နောက်ထပ် နှစ်ပေါင်း ၆၀ စောင့်ဆိုင်းခဲ့ရတယ်။—ဟီ. ၁၁:၉။
၁၀ အာဗြဟံ အမွေမြေ ဘယ်လောက် ရခဲ့သလဲ။ “အဲဒီအချိန်မှာ ခြေချလောက်တဲ့ မြေနေရာကိုတောင် သူ့ [အာဗြဟံ] အတွက် အမွေမပေးသေးဘူး။ ဒါပေမဲ့ သူနဲ့ သူ့မျိုးနွယ်ကို အဲဒီပြည် အပိုင်ပေးမယ်ဆိုပြီး ဘုရားသခင် တ. ၇:၅) ယူဖရေးတီးမြစ်ကို အာဗြဟံ ဖြတ်ကူးပြီး နှစ်ပေါင်း ၄၃၀ ကျမှ ကတိထားရာပြည်ကို အမွေရမယ့် လူမျိုးအဖြစ် သားမြေးတွေ ဖွဲ့စည်းခံခဲ့ရတယ်။—ထွ. ၁၂:၄၀-၄၂။ ဂလ. ၃:၁၇။
ကတိပေးခဲ့တယ်။ အဲဒီတုန်းက သူ သားသမီးတောင် မရသေးဘူး။” (၁၁။ ယေဟောဝါကို အာဗြဟံ ဘာကြောင့် လိုလိုလားလား စောင့်ဆိုင်းခဲ့သလဲ။ စိတ်ရှည်မှုကြောင့် ဘာကောင်းချီးတွေ ရမလဲ။
၁၁ အာဗြဟံရဲ့ စိတ်ရှည်မှုဟာ ယေဟောဝါကို ယုံကြည်ခြင်းအပေါ် အခြေခံတာမို့ တလိုတလား စောင့်ဆိုင်းခဲ့တယ်။ (ဟီဘရူး ၁၁:၈-၁၂ ကိုဖတ်ပါ။) ကတိတော် ပြည့်စုံတာကို အပြည့်အဝ မမြင်ခဲ့ရပေမဲ့ ကျေကျေနပ်နပ် စောင့်ဆိုင်းခဲ့တယ်။ ပရဒိသု မြေကြီးပေါ် ပြန်ထမြောက်လာတဲ့အခါ အာဗြဟံ ဘယ်လောက် ပျော်ရွှင်မလဲဆိုတာ မြင်ယောင်ကြည့်ပါ။ မိမိနဲ့ သားစဉ်မြေးဆက်အကြောင်း ကျမ်းစာမှာ ဘယ်လောက် မှတ်တမ်းတင်ထားကြောင်း သိရတဲ့အခါ အံ့ဩသွားပါလိမ့်မယ်။ * ကတိထားရာ မျိုးနွယ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံရေးမှာ မိမိရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ဦးဆုံးအနေနဲ့ သိလာရတဲ့အခါ အာဗြဟံ ဘယ်လောက် စိတ်လှုပ်ရှားမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ စောင့်ရကျိုးနပ်တယ်လို့ ခံစားရမှာ သေချာတယ်။
၁၂၊ ၁၃။ ယောသပ် ဘာကြောင့် စိတ်ရှည်ဖို့ လိုသလဲ။ ဘယ်သဘောထားမှန် ရှိခဲ့သလဲ။
၁၂ အာဗြဟံရဲ့ မြစ် ယောသပ်လည်း လိုလိုလားလား စိတ်ရှည်ခဲ့တယ်။ ဆိုးရွားတဲ့ မတရားမှုတွေ ကြုံခဲ့ရတယ်။ ဦးဆုံး အသက် ၁၇ နှစ်လောက်မှာ အစ်ကိုတွေက ကျွန်အဖြစ် ရောင်းစားခဲ့တယ်။ သခင့်မိန်းမကို အဓမ္မကျင့်ဖို့ ကြိုးစားတယ်လို့ မတရားစွပ်စွဲခံရပြီး ထောင်ချခံခဲ့ရတယ်။ (က. ၃၉:၁၁-၂၀။ ဆာ. ၁၀၅:၁၇၊ ၁၈) ဖြောင့်မတ်မှုကြောင့် ကောင်းချီးအစား အပြစ်ပဲ ပေးခံရပုံ ပေါက်ခဲ့တယ်။ ဒါပေမဲ့ ၁၃ နှစ်ကြာပြီးနောက် အရာရာ ပြောင်းလဲသွားတယ်။ ထောင်ကနေ လွတ်လာပြီး အီဂျစ်ပြည်မှာ ဒုတိယ အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်လာတယ်။—က. ၄၁:၁၄၊ ၃၇-၄၃။ တ. ၇:၉၊ ၁၀။
၁၃ မတရားမှုတွေကြောင့် ယောသပ် နာကြည်းခဲ့သလား။ ယေဟောဝါဘုရားအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားသလား။ ပျောက်ဆုံးမသွားပါဘူး။ စိတ်ရှည်စွာ စောင့်ဆိုင်းဖို့ ယောသပ်ကို ဘာက ကူညီပေးသလဲ။ ယေဟောဝါကို ယုံကြည်ခြင်းပဲ။ ကိစ္စရပ်တွေအပေါ် ယေဟောဝါရဲ့ လက်တော်ကို မြင်တွေ့ခဲ့တယ်။ ‘မစိုးရိမ်ပါနဲ့။ ဘုရားသခင်ကပဲ အပြစ်ပေးနိုင်တာပါ။ ကျွန်တော် ပေးလို့မရပါဘူး။ ကျွန်တော့်ကို အစ်ကိုတို့ မကောင်းကြံခဲ့ပေမဲ့ ဘုရားသခင်က အခုလို လူအများရဲ့အသက်ကို ကယ်ဖို့ အကောင်းဖြစ်စေခဲ့ပြီပဲ’ လို့ ပြောတာကို ကြည့်ရင် သိနိုင်ပါတယ်။ (က. ၅၀:၁၉၊ ၂၀) စောင့်ရကျိုးနပ်မှန်း ယောသပ် သဘောပေါက်ခဲ့တယ်။
၁၄၊ ၁၅။ (က) ဒါဝိဒ်ရဲ့ စိတ်ရှည်မှုက ဘာကြောင့် ထူးခြားသလဲ။ (ခ) စိတ်ရှည်စွာ စောင့်ဖို့ ဒါဝိဒ်ကို ဘာက ကူညီပေးခဲ့သလဲ။
၁၄ ဘုရင်ဒါဝိဒ်လည်း မတရားမှုများစွာ ကြုံခဲ့ရတယ်။ နောက်တက်မယ့် အစ္စရေးဘုရင်အဖြစ် ငယ်ငယ်ရွယ်ရွယ်မှာ ဘိသိက်ပေးခံရပေမဲ့ ယုဒမျိုးနွယ်ရဲ့ ဘုရင်ဖြစ်ဖို့ ၁၅ နှစ် စောင့်ခဲ့ရတယ်။ (၂ ရှ. ၂:၃၊ ၄) ဒီအတောအတွင်း သစ္စာမဲ့ဘုရင် ရှောလုက သတ်ဖို့ လိုက်ဖမ်းခဲ့တယ်။ * ဒါကြောင့် ဝရမ်းပြေးအဖြစ် အသက်ရှင်ခဲ့ရတယ်။ တစ်ခါတလေ တိုင်းတစ်ပါးမှာ၊ တစ်ခါတလေ တောထဲက ဂူတွေထဲမှာ နေခဲ့ရတယ်။ တိုက်ပွဲမှာ ရှောလု ကျဆုံးပြီးနောက်မှာတောင် အစ္စရေးတစ်နိုင်ငံလုံးကို အုပ်ချုပ်ဖို့ နောက်ထပ် ခုနစ်နှစ် စောင့်ဆိုင်းခဲ့ရတယ်။—၂ ရှ. ၅:၄၊ ၅။
၁၅ ဒါဝိဒ် ဘာကြောင့် စိတ်ရှည်စွာ စောင့်ဆိုင်းချင်ရသလဲ။ ‘ဘယ်လောက်ကြာကြာလဲ’ လို့ လေးကြိမ် မေးခဲ့တဲ့ ဆာလံကျမ်းမှာ အဖြေပေးထားတယ်။ “ကျွန်တော်ကတော့ ခိုင်မြဲတဲ့မေတ္တာတော်ကိုပဲ ယုံကြည်ကိုးစားပါတယ်။ ဆာ. ၁၃:၅၊ ၆) ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကို ဒါဝိဒ် ယုံကြည်ကိုးစားခဲ့တယ်။ ကယ်တင်မယ့်အချိန်ကို ကျေကျေနပ်နပ် စောင့်ဆိုင်းတယ်။ မိမိကို ယေဟောဝါ ဘယ်လို ဆုချမှန်း တွေးတောဆင်ခြင်တယ်။ စောင့်ရကျိုးနပ်တယ်လို့ ဒါဝိဒ် ခံစားခဲ့ပါတယ်။
ကိုယ်တော် ကယ်တင်တဲ့အခါ ရင်ထဲမှာ ဝမ်းမြောက်ရလိမ့်မယ်။ ယေဟောဝါ ကြွယ်ဝစွာ ဆုချတဲ့အတွက် ကျွန်တော် ချီးမွမ်းသီချင်းဆိုမယ်” လို့ ဒါဝိဒ် ပြောတယ်။ (ယေဟောဝါဟာ ကိုယ်တိုင် စိတ်မရှည်ဘဲ ကျွန်တော်တို့ စိတ်ရှည်ဖို့ မမျှော်လင့်ပါဘူး
၁၆၊ ၁၇။ လိုလိုလားလား စောင့်ဆိုင်းတာနဲ့ပတ်သက်ပြီး ယေဟောဝါဘုရားနဲ့ ယေရှုခရစ် နှစ်ပါးစလုံး ဘယ်လို ပုံသက်သေပြခဲ့ကြသလဲ။
၁၆ ယေဟောဝါဟာ ကိုယ်တိုင် စိတ်မရှည်ဘဲ ကျွန်တော်တို့ စိတ်ရှည်ဖို့ မမျှော်လင့်ပါဘူး။ လိုလိုလားလား စောင့်ဆိုင်းရာမှာ အကောင်းဆုံး ပုံသက်သေ ပြခဲ့တယ်။ (၂ ပေတရု ၃:၉ ကိုဖတ်ပါ။) ဧဒင်ဥယျာဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ အရေးကိစ္စကို အပြီးအပိုင် ဖြေရှင်းဖို့ ယေဟောဝါ နှစ်ထောင်နဲ့ချီ စိတ်ရှည်စွာ စောင့်နေတယ်။ နာမတော် အကြွင်းမဲ့ သန့်ရှင်းမြင့်မြတ်လာမယ့် အချိန်ကို “စိတ်ရှည်ရှည် စောင့်နေ” တယ်။ “မျှော်လင့်စောင့်စားနေ” တယ်။ “ဘုရားကို မျှော်လင့်စောင့်စားနေသူတွေ” ဟာ စဉ်းစားလို့ မမီနိုင်တဲ့ကောင်းချီးတွေ ရရှိကြပါလိမ့်မယ်။—ဟေရှာ. ၃၀:၁၈။
၁၇ ယေရှုလည်း တလိုတလား စောင့်ဆိုင်းခဲ့တယ်။ မြေကြီးပေါ်မှာ သမာဓိစမ်းသပ်မှု အောင်မြင်ပြီး အေဒီ ၃၃ မှာ ရွေးဖိုးပူဇော်သက္ကာ ဆက်သပြီးတာတောင် ဘုရင်ဖြစ်ဖို့ ၁၉၁၄ ခုနှစ်အထိ စောင့်ဆိုင်းခဲ့ရတယ်။ (တ. ၂:၃၃-၃၅။ ဟီ. ၁၀:၁၂၊ ၁၃) အနှစ်တစ်ထောင် အုပ်ချုပ်မှု ကုန်ဆုံးမှ ရန်သူအားလုံးကို အပြီးအပိုင် ဖျက်ဆီးမယ်။ (၁ ကော. ၁၅:၂၅) အတော်ကြာကြာ စောင့်ဆိုင်းရဦးမှာ ဖြစ်ပေမဲ့ စောင့်ရကျိုးနပ်မှာ သေချာပါတယ်။
ဘာက ကူညီပေးမလဲ
၁၈၊ ၁၉။ တလိုတလား စိတ်ရှည်ရှည် စောင့်ဖို့ ဘာက ကူညီပေးမလဲ။
၁၈ ကျွန်တော်တို့အားလုံး စိတ်ရှည်ရှည် စောင့်ဆိုင်းချင်စိတ်ရှိဖို့ လိုတယ်။ ဘာက ကူညီပေးမလဲ။ ဘုရားသခင့် စွမ်းအားတော်ရဖို့ ဆုတောင်းပါ။ စိတ်ရှည်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်လာတဲ့ အရည်အသွေးဖြစ်ကြောင်း သတိရပါ။ (ဧ. ၃:၁၆။ ၆:၁၈။ ၁ သက်. ၅:၁၇-၁၉) စိတ်ရှည်ရှည် ခံရပ်နိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဆီ အသနားခံပါ။
၁၉ ယေဟောဝါရဲ့ ကတိတွေ ပြည့်စုံလာမယ့်အချိန်ကို စိတ်ရှည်စွာ စောင့်ဖို့ အာဗြဟံ၊ ယောသပ်၊ ဒါဝိဒ်တို့ကို ဘာက ကူညီပေးခဲ့ကြောင်း သတိရပါ။ အဲဒါကတော့ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းပါပဲ။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် အာရုံမစိုက်ဘူး။ ကိုယ်အဆင်ပြေဖို့ပဲ အာရုံမစိုက်ဘူး။ သူတို့တစ်တွေ ဘယ်လို ကောင်းချီးခံရတယ်ဆိုတာ ပြန်တွေးတဲ့အခါ ကျွန်တော်တို့လည်း စောင့်ဆိုင်းတတ်တဲ့သဘောထား တင်ပြဖို့ အားပေးခံကြရတယ်။
၂၀။ ကျွန်တော်တို့ ဘယ်လို စိတ်ပိုင်းဖြတ်ထားသင့်သလဲ။
၂၀ ဒါကြောင့် စမ်းသပ်မှုတွေ၊ အခက်အခဲတွေ ကြုံရရင်တောင် “စိတ်ရှည်ရှည်နဲ့ စောင့်” ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ‘ယေဟောဝါဘုရား၊ ဘယ်လောက်ကြာကြာလဲ’ လို့ မေးမိတဲ့အခါတွေ ရှိနိုင်တယ်။ (ဟေရှာ. ၆:၁၁) ဒါပေမဲ့ “ယေဟောဝါဟာ ငါ့ဝေစုပဲ။ ဒါကြောင့် ကိုယ်တော့်ကို စိတ်ရှည်ရှည်နဲ့ စောင့်မယ်” လို့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ ပြောဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—မြည်. ၃:၂၁၊ ၂၄။
^ စာပိုဒ်၊ 11 ကမ္ဘာဦးကျမ်း အခန်းကြီး ၁၅ ခန်းမှာ အာဗြဟံအကြောင်း ဖော်ပြတယ်။ ခရစ်ယာန် ဂရိကျမ်း ရေးသားသူတွေလည်း အာဗြဟံအကြောင်း အကြိမ် ၇၀ ကျော် ဖော်ပြကြတယ်။
^ စာပိုဒ်၊ 14 နှစ်နှစ်ကျော် အုပ်စိုးပြီးနောက် ရှောလုကို ယေဟောဝါ ငြင်းပယ်ခဲ့ပေမဲ့ သေဆုံးချိန်အထိ နောက်ထပ် ၃၈ နှစ် အုပ်ချုပ်ခွင့် ပြုခဲ့တယ်။—၁ ရှ. ၁၃:၁။ တ. ၁၃:၂၁။