မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်သူ့ကို အပြစ်တင်ရမလဲ

ဘယ်သူ့ကို အပြစ်တင်ရမလဲ

ငတ်ပြတ်​မှု၊ ဆင်းရဲ​မွဲတေမှု၊ စစ်၊ ရောဂါ၊ သဘာဝဘေး​စတဲ့ ဒုက္ခတွေ​ဟာ ဘုရား​ကြောင့် မဟုတ်ဘူး​ဆိုရင် ဘယ်သူ့​ကြောင့်​လဲ။ လူတွေ ဒုက္ခရောက်​ရတဲ့ အကြောင်းရင်း သုံးခုကို ကျမ်းစာမှာ ဖော်ပြ​ထားတယ်။

  1. ၁။ အတ္တ၊ လောဘ၊ မုန်းတီးမှု။ “လူ​လူ​ချင်း အုပ်ချုပ်​တာ​ဟာ ထိခိုက်​နစ်နာ​စရာတွေ​ပဲ ဖြစ်စေတယ်။” (ဒေသနာ ၈:၉) မစုံလင်တဲ့၊ အတ္တကြီး​ပြီး ရက်စက်တဲ့ လူတွေ​ကြောင့် ဒုက္ခရောက်​ကြရတယ်။

  2. ၂။ အချိန်နဲ့ မျှော်လင့်​မထားတဲ့ ဖြစ်ရပ်များ။ လူတွေဟာ “မျှော်လင့်​မထားတဲ့ အချိန်မှာ မျှော်လင့်​မထားတဲ့ ဖြစ်ရပ်တွေ” ကြောင့် ဒုက္ခရောက်​လေ့​ရှိတယ်။ (ဒေသနာ ၉:၁၁) ဆိုလိုတာ​က မရှိသင့်တဲ့​အချိန်မှာ မရှိသင့်တဲ့​နေရာကို ရောက်နေလို့ပဲ။ မတော်တဆ​ဖြစ်တဲ့​အချိန်မှာ ကိုယ်​ရှိနေတာ၊ သတိ​လက်လွတ်​ဖြစ်သွား​တာ၊ အမှားအယွင်း​လုပ်မိတာတွေ ဖြစ်နိုင်တယ်။

  3. ၃။ ဆိုးညစ်​တဲ့ လောက​အုပ်စိုးရှင်။ လူတွေ ဒုက္ခရောက်​ရတဲ့ အဓိက​အကြောင်းရင်းကို ကျမ်းစာမှာ ရှင်းလင်းစွာ ပြောထားတယ်– ‘တစ်လောကလုံးက ဆိုးညစ်သူရဲ့ ဩဇာ​အောက်မှာ ရှိနေတယ်။’ (၁ ယောဟန် ၅:၁၉) အဲဒီ “ဆိုးညစ်သူ” ဟာ တန်ခိုး​ရှိတဲ့ နာမ်ဝိညာဉ်​သတ္တဝါ စာတန်​မာရ်နတ် ဖြစ်တယ်။ အစ​တုန်း​ကတော့ ဘုရားသခင်ရဲ့ ကောင်းကင်တမန်​ဖြစ်ပေမဲ့ “အမှန်တရား​မှာ သူ တည်မြဲ​မနေဘူး။” (ယောဟန် ၈:၄၄) တခြား​ကောင်းကင်တမန်တွေလည်း စာတန်​နောက် ပါသွား​ပြီး ဘုရားကို ပုန်ကန်​ကြတယ်။ ကိုယ့်​အတ္တ​ဆန္ဒတွေကို ဖြည့်ဆည်း​ရင်း နတ်ဆိုးတွေ ဖြစ်လာတယ်။ (ကမ္ဘာဦး ၆:၁-၅) စာတန်နဲ့ နတ်ဆိုးတွေ ပုန်ကန်​ပြီး​ကတည်းက ကမ္ဘာကို ရက်စက်​ကြမ်းတမ်း​စွာ ဩဇာ​လွှမ်းမိုး​လာကြတယ်။ အထူးသဖြင့် ကျွန်တော်တို့​ခေတ်မှာ ပိုဆိုး​လာတယ်။ စာတန် ဒေါသထွက်​နေပြီး “လူ​နေထိုင်​ရာ မြေတစ်ပြင်လုံး​ကို လှည့်စား” နေတဲ့​အတွက် ‘အဖြစ်ဆိုးတွေ ကြုံနေ​ရတယ်။’ (ဗျာဒိတ် ၁၂:၉၊ ၁၂) စာတန်ဟာ ရက်စက်တဲ့ အာဏာရှင်​ပဲ။ လူတွေ ဒုက္ခရောက်တဲ့​အခါ စာတန် ကျေနပ်တယ်။ ဒုက္ခ​တွေဟာ ဘုရား​ကြောင့် မဟုတ်ဘူး၊ စာတန့်​ကြောင့်ပါ။

သုံးသပ်​ကြည့်ပါ– အကြင်နာမဲ့​တဲ့ ဆိုးယုတ်သူ​သာ အပြစ်မဲ့​သူတွေကို ဒုက္ခရောက်​စေတယ်။ ဒါပေမဲ့ “ဘုရားသခင်​ဟာ ချစ်ခြင်းမေတ္တာ​ဖြစ်” တယ်။ (၁ ယောဟန် ၄:၈) မေတ္တာရှင် “ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မ​လုပ်​ဘူး။ အနန္တ​တန်ခိုးရှင်​က မကောင်းတာကို လုံးဝ မ​လုပ်​ဘူး။”—ယောဘ ၃၄:၁၀

ဒါပေမဲ့ ‘ဘုရားသခင်​ဟာ စာတန်ကို ဘယ်လောက်​ကြာကြာ အုပ်ချုပ်ခွင့် ပြုထားမှာလဲ’ လို့ စဉ်းစားမိ​နိုင်တယ်။ ဘုရားသခင်​ဟာ ဆိုးသွမ်းမှု​ကို ရွံမုန်းတယ်။ ကျွန်တော်တို့ ဒုက္ခရောက်တဲ့​အခါ နာကျင်​ခံစားရတယ်။ “စိုးရိမ်​ပူပန်စရာ ရှိသမျှကို ဘုရားသခင်​ဆီ ပုံအပ်ထား​လိုက်ပါ။ ဘုရားသခင်​ဟာ ခင်ဗျားတို့ကို ဂရုစိုက်​တဲ့​အရှင် ဖြစ်လို့ပဲ။” (၁ ပေတရု ၅:၇) ဘုရားက ကျွန်တော်တို့ကို ချစ်​ပြီး ဒုက္ခတွေ၊ မတရားမှုတွေကို ဖယ်ရှား​ပေးနိုင်တဲ့ တန်ခိုး ရှိတယ်။ ဒါကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။ *

^ အပိုဒ်၊ 7 ပို​သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၂၆ ကို ကြည့်ပါ။ www.ps8318.com/my မှာလည်း အခမဲ့ ကူးယူ​နိုင်ပါတယ်။