မေတ္တာရှင် ဘုရားသခင်ရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို သင် ထာဝစဉ် ခံစားရနိုင်
စစ်ပွဲ၊ အကြမ်းဖက်မှု၊ ဆူပူအုံကြွမှုတွေ မရှိတဲ့ ကမ္ဘာကို လိုချင်သလား။
ရောဂါဘယ၊ ဆင်းရဲဒုက္ခ၊ သေခြင်း မရှိတော့မယ့်အချိန်ကို လိုချင်သလား။
စိုးရိမ်ပူပန်စရာတွေ မရှိတဲ့ အခြေအနေမျိုး လိုလား တောင့်တသလား။
သဘာဝဘေးအန္တရာယ်တွေ မခံစားရတဲ့နေရာမှာ နေချင်သလား။
သာယာလှပတဲ့ ကမ္ဘာဂြိုဟ်ကို ပြုလုပ်တဲ့အရှင်၊ မေတ္တာရှင် ဘုရားသခင်က လူသားတွေကို ထာဝစဉ် ငြိမ်းချမ်းပျော်ရွှင်တဲ့ ဘဝမျိုး ပေးမယ်လို့ ကတိပေးထားတယ်။ အဲဒါက စိတ်ကူးယဉ်အိပ်မက် မဟုတ်ဘူး။
နောက်ဆောင်းပါးတွေမှာ ဒီအချက်တွေ တွေ့ရမယ်–
ဖန်ဆင်းရှင် ဘုရားသခင်က လူတွေကို ချစ်တယ်
ဘုရားသခင့် ပရောဖက်တွေ ကြိုဟောခဲ့တဲ့ ဘုရားရဲ့ ကတိတော်များ
သမ္မာကျမ်းစာမှာ ပါတဲ့ ကျွန်တော်တို့အတွက် သတင်းစကား
အခုရော၊ အနာဂတ်မှာပါ ပျော်ရွှင်နိုင်ဖို့ ဘုရားသခင် ကူညီပေးပုံ
ကျွန်တော်တို့ကို ဘုရားသခင် ချစ်တယ်ဆိုတဲ့ အထောက်အထားတွေကို လေ့လာကြည့်ကြစို့။