ဘုရားသခင် ဘယ်သူလဲ
ဘုရားကို ယုံကြည်တယ်လို့ လူအများ ဆိုကြတယ်။ ဒါပေမဲ့ ဘုရား ဘယ်သူလဲလို့ မေးလိုက်ရင် ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာပေါ် မူတည်ပြီး အမျိုးမျိုး ဖြေကြတယ်။ ဘုရားဆိုတာ ကမ္ဘာမြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်လို့ တချို့ ဆိုကြတယ်။ တချို့ကတော့ ကိုးကွယ်ဆည်းကပ်ထိုက်တဲ့အရာ မှန်သမျှ၊ ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ပုဂ္ဂိုလ် မှန်သမျှ ဘုရားပဲလို့ ဆိုကြတယ်။ အမြင်မတူကြတဲ့အတွက် ဘုရားသခင် ဘယ်သူလဲဆိုတာ သိဖို့ မဖြစ်နိုင်ဘူးလို့ လူအများ ယူဆကြတယ်။
ဘုရားသခင်ကို သိဖို့ အရေးကြီးသလား။ အရေးကြီးတယ်။ ဘုရားသခင်ကို သိကျွမ်းရင် ဘဝအဓိပ္ပာယ် ပိုရှိလာတယ်။ (တမန်တော် ၁၇:၂၆-၂၈) ဘုရားနဲ့ ရင်းနှီးလာလေ ဘုရားမေတ္တာနဲ့ ထောက်မမှု ခံစားရလေပဲ။ (ယာကုပ် ၄:၈) ဘုရားသခင်ကို သိကျွမ်းခြင်းက အဆုံးမဲ့အသက် ရစေနိုင်တယ်။—ယောဟန် ၁၇:၃။
ဘုရားသခင်ကို ဘယ်လို သိကျွမ်းလာနိုင်မလဲ။ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် ရှိတယ်ဆိုပါစို့။ သူနဲ့ ဘယ်လို ချစ်ခင်ရင်းနှီးလာသလဲ။ သူ့နာမည်၊ စရိုက်၊ သူကြိုက်တာ၊ မကြိုက်တာ၊ သူလုပ်ဆောင်ခဲ့ရာ၊ လုပ်ဆောင်မယ့်အရာစတာတွေ သိထားနိုင်တယ်။ သူ့အကြောင်း ပိုသိလာလေ သူနဲ့ ခင်မင်ရင်းနှီးလာလေပဲ။
အလားတူပဲ အောက်ပါတို့ကို သိထားရင် ဘုရားသခင်ကို သိကျွမ်းလာနိုင်တယ်။
အထက်ပါမေးခွန်းတွေအတွက် ကျမ်းစာအဖြေတွေကို ဒီမဂ္ဂဇင်းမှာ ဖော်ပြပေးထားပါတယ်။ ဘုရားသခင် ဘယ်သူလဲဆိုတာသာမက ဘုရားနဲ့ ရင်းနှီးလာတာနဲ့အမျှ ဘာအကျိုး ခံစားရမလဲဆိုတာကိုပါ နောက်ဆောင်းပါးတွေကနေ သိရှိလာပါမယ်။