“ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင်”
သင့်ကို လူတွေ ပစ်ပယ်ထားရင်တောင် ဘယ်တော့မှ မပစ်ပယ်မယ့်သူတစ်ဦး ရှိပါတယ်။ ဘယ်သူ ဖြစ်မလဲ။
ဘုရင်ဒါဝိဒ် ဒီလိုပြောခဲ့တယ်– “မိရင်းဖရင်းက ကျွန်တော့်ကို စွန့်ပစ်ခဲ့ရင်တောင် ယေဟောဝါ လက်ခံထားမှာပါ။”—ဆာလံ ၂၇:၁၀။
ယေဟောဝါဘုရားဟာ “ကရုဏာကြီးတဲ့အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ပဲ။ ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ဘုရားသခင် နှစ်သိမ့်ပေးတယ်။”—၂ ကောရိန္သု ၁:၃၊ ၄။
“စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇။
ဘုရားသခင် ဂရုစိုက်ပုံအကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၈ မှာ ကြည့်ပါ။ www.ps8318.com/my မှာလည်း အခမဲ့ ကူးယူနိုင်တယ်။