ရောဂါဆိုး ခံစားရတဲ့အခါ
ကိုယ်တိုင် ဒါမှမဟုတ် ချစ်ခင်ရသူမှာ ရောဂါဆိုး ရှိနေရင် ဘယ်လောက် စိတ်သောကရောက်တတ်တယ်ဆိုတာ နားလည်ပါလိမ့်မယ်။ ရောဂါကြောင့် နာကျင်ရသလို စိတ်ထောင်းတဲ့ဒဏ်လည်း ခံရတယ်။ စိုးရိမ်စရာကောင်းတဲ့ ဆေးကုသမှုတွေ၊ ဆေးကုသဖို့ ခက်ခဲတာ ဒါမှမဟုတ် ငွေမတတ်နိုင်တာ၊ ဘေးထွက်ဆိုးကျိုးတွေကြောင့် ပိုစိုးရိမ်သောကရောက်ရတယ်။ ရောဂါဆိုးကြောင့် စိတ်ဆင်းရဲနိုင်တယ်။
ဘယ်ကနေ အကူအညီ ရနိုင်သလဲ။ လူများစွာကတော့ ဘုရားဆီ ဆုတောင်းခြင်း၊ နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းစကားတွေ ဖတ်ရှုခြင်းကနေ စိတ်သက်သာမှု ရကြတယ်။ မိသားစုနဲ့ မိတ်ဆွေ
တွေရဲ့ မေတ္တာနဲ့ ထောက်မမှုတို့ကလည်း အထောက်အကူ ပြုနိုင်တယ်။တချို့ ရင်ဆိုင်ဖြေရှင်းကြပုံ
အသက် ၅၈ နှစ်အရွယ် ရောဘတ် ဒီလိုအကြံပြုတယ်– “ဘုရားကို ယုံကြည်ကိုးစားပြီး ရောဂါဝေဒနာကို ရင်ဆိုင်လိုက်ပါ။ ဘုရား ကူညီပေးပါလိမ့်မယ်။ ယေဟောဝါဘုရားဆီ ဆုတောင်းပါ။ ခံစားချက်တွေကို ပြောပြပါ။ သန့်ရှင်းသော စွမ်းအားတော် ပေးဖို့ တောင်းဆိုပါ။ မိသားစုအတွက် ကြံ့ကြံ့ခံရပ်တည်နိုင်အောင်၊ ရောဂါဝေဒနာကို ခံရပ်နိုင်အောင် ခွန်အားပေးဖို့ တောင်းခံပါ။
“မိသားစုရဲ့ အားပေးထောက်မမှုက အလွန်အရေးကြီးတယ်။ နေ့တိုင်း တစ်ယောက်နှစ်ယောက်ကတော့ ‘အခြေအနေ ဘယ်လိုလဲ’ လို့ ဖုန်းဆက်မေးကြတယ်။ ရပ်ဝေးရပ်နီးက မိတ်ဆွေတွေကလည်း အားပေးကြပါတယ်။ သူတို့ကြောင့် အားရှိနေတာ၊ ခံရပ်နိုင်တာပါ။”
မကျန်းမာတဲ့မိတ်ဆွေဆီ လည်ပတ်မယ်ဆိုရင် လင်ဒါရဲ့ စကားကို မှတ်သားပါ– “လူနာတွေက ဖြစ်နိုင်ရင် သာမန်လူတွေလိုပဲ နေချင်ကြတယ်။ ရောဂါဝေဒနာအကြောင်း တစ်ချိန်လုံး မပြောချင်ကြဘူး။ ဒါကြောင့် ပြောနေကျစကားတွေပဲ ပြောပါ။”
ဘုရားပေးတဲ့ ခွန်အား၊ ကျမ်းစာကနေရတဲ့ နှစ်သိမ့်မှု၊ ချစ်ခင်ရတဲ့ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ရောဂါဆိုး ခံစားနေရရင်တောင် အသက်ရှင်ရကျိုး နပ်တယ်လို့ ယုံကြည်စိတ်ချနေနိုင်ပါလိမ့်မယ်။