ဒါဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား ပျားတွေ ပျံသန်းဆင်းသက်တဲ့ နည်းဗျူဟာ ဖွင့်ပါ ပျားတွေ ပျံသန်းဆင်းသက်တဲ့ နည်းဗျူဟာ ပျားတွေဟာ ထောင့်ပေါင်းစုံကနေ အခက်အခဲမရှိဆင်းသက် နိုင်တယ်။ ဒါကို သူတို့ ဘယ်လိုလုပ်ဆောင်ကြသလဲ။ သုံးသပ်ကြည့်ပါ– ပျားတွေဟာ အခက်အခဲမရှိ ဆင်းသက်နိုင်အောင် တစ်ခုခုအပေါ် မနားခင်မှာ ပျံသန်းဆင်းသက်လာတဲ့အရှိန်ကို သုညနီးပါး လျှော့ချဖို့လိုတယ်။ အဲဒီလိုလုပ်နိုင်ဖို့ လက်တွေ့ကျ နည်းတစ်ခုကတော့ နားမယ့်အရာဆီ ပျံသန်းတဲ့အရှိန်၊ နားမယ့်အရာနဲ့ အကွာအဝေးဆိုတဲ့ အချက်နှစ်ချက်ကို ချိန်ဆပြီး အရှိန်ကို အလိုက်သင့်လျှော့ခြင်း ဖြစ်တယ်။ ဒါပေမဲ့ အင်းဆက်အများစုအတွက် ဒီနည်းဟာ မလွယ်ဘူး။ အကြောင်းရင်းကတော့ အင်းဆက်အများစုရဲ့ မျက်လုံးဟာ လှည့်လို့မရ၊ အသေဖြစ်နေလို့ အကွာအဝေးကို အတိအကျ မချိန်ဆနိုင်ဘူး။ လူတွေရဲ့အမြင်အာရုံဟာ အရာဝတ္ထုနဲ့အကွာအဝေးကို တွက်ချက်လို့ရတယ်။ ပျားတွေရဲ့အမြင်အာရုံကတော့ အဲဒီလိုမဟုတ်ဘူး။ အရာဝတ္ထုတစ်ခုနဲ့ နီးလာလေ ပိုပြီး ကြီးကြီးမြင်ရလေဆိုတဲ့အချက်ကို ပျားတွေ အသုံးပြုပုံရတယ်။ အရာဝတ္ထုနဲ့ နီးလာတာနဲ့အမျှ အရာဝတ္ထုရဲ့အရွယ်အစားဟာ ပိုကြီးလာပုံရတယ်။ ဩစတြေးလျအမျိုးသားတက္ကသိုလ်မှာ ပြုလုပ်တဲ့ စမ်းသပ်မှုတွေအရ ပျားတွေ ပျံသန်းတဲ့အရှိန် လျှော့ချတာဟာ အရာဝတ္ထုရဲ့အရွယ်အစားကြီးနှုန်း တစ်သမတ်တည်း ရှိစေဖို့ဖြစ်မှန်း သိရတယ်။ နားမယ့်နေရာကိုလည်း ရောက်ရော သုညနီးပါး အရှိန်လျှော့ချပြီးဖြစ်တဲ့အတွက် အခက်အခဲမရှိဘဲ အဆင်ပြေပြေ ဆင်းသက်နိုင်တယ်။ “ပျံနိုင်တဲ့စက်ရုပ်တွေအတွက် လမ်းပြစနစ်တပ်ဆင်ရာမှာ ရိုးရှင်းတဲ့ ဒီဆင်းသက်နည်းကို . . . စံအဖြစ်ထားကြတယ်” လို့ သိပ္ပံဂျာနယ်တစ်စောင် (Proceedings of the National Academy of Sciences) က ဖော်ပြတယ်။ သင် ဘယ်လိုထင်ပါသလဲ။ ပျားတွေ ပျံသန်းဆင်းသက်တဲ့နည်းဟာ သူ့အလိုလို ဖြစ်လာတာလား။ တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။ နောက်သို့ ရှေ့သို့ ဆက်စပ်အကြောင်းအရာ အလိုလို ဖြစ်လာနိုင်ပါ့မလား သိပ္ပံပညာနဲ့ သမ္မာကျမ်းစာ ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ စာအုပ်စာစောင်များ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော သက်ရှိတွေ စတင်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး သင့်ရဲ့ယုံကြည်ချက်က အရေးကြီးသလား အလိုလို ဖြစ်လာနိုင်ပါ့မလား ပျားပိတုန်းရဲ့ ပျံသန်းမှု ထိန်းချုပ်နိုင်စွမ်း—အလိုလို ဖြစ်လာနိုင်ပါ့မလား ပျားပိတုန်းလေးတွေဟာ အတွေ့အကြုံရင့်တဲ့ လေယာဉ်မှူးတွေထက် ဘာကြောင့် ပိုတော်နေတာလဲ။ နိုးလော့! ပျားလဘို့—ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား နေရာလွတ်ကို ကျွမ်းကျင်စွာ အသုံးပြုနည်းကို သင်္ချာပညာရှင်တွေ ၁၉၉၉ ခုနှစ်ကျမှ သက်သေပြနိုင်ခဲ့ကြပေမဲ့ ပျားတွေကတော့ အဲဒီနည်းကို ဘယ်လို ကြိုသိခဲ့သလဲ။ နိုးလော့! အစ်ဆက် နှံကောင်မှာရှိတဲ့ ခွေးသွားစိပ်များ ဒီအင်းဆက်လေးဟာ ယိုင်ထိုး၊ ချာချာလည်တာမျိုးမရှိဘဲ အားအပြည့်နဲ့ ခုန်နိုင်တဲ့အစွမ်းရှိတာဟာ သိချင်စရာဖြစ်နေတယ်။ ပရင့်ထုတ်ပါ ဝေမျှပါ ဝေမျှပါ ပျားတွေ ပျံသန်းဆင်းသက်တဲ့ နည်းဗျူဟာ နိုးလော့! ပျားတွေ ပျံသန်းဆင်းသက်တဲ့ နည်းဗျူဟာ မြန်မာ ပျားတွေ ပျံသန်းဆင်းသက်တဲ့ နည်းဗျူဟာ https://cms-imgp.jw-cdn.org/img/p/102017047/univ/art/102017047_univ_sqr_xl.jpg