စိတ်ဖိစီးမှုမှ လွတ်မြောက်ခြင်း
သင် စိတ်ဖိစီးနေသလား
“လူတိုင်းမှာ စိတ်ဖိစီးမှု အနည်းနဲ့ အများ ရှိကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့ စိတ်ဖိစီးမှုကတော့ ပိုဆိုးတယ်။ ပြဿနာတစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဘက်ပေါင်းစုံ၊ ပြဿနာပေါင်းစုံကနေ လာတာ။ ရုပ်ပိုင်း၊ စိတ်ပိုင်း မကျန်းမာတဲ့ ခင်ပွန်းကိုလည်း ဘယ်လောက်ကြာကြာ ပြုစုနေရဦးမလဲ မသိဘူး။”—ဂျီလ်။ a
“ဇနီးထားခဲ့လို့ ကလေးနှစ်ယောက်ကို တစ်ကိုယ်တည်း ကျွေးမွေးစောင့်ရှောက်နေရတယ်။ ကြင်ဖော်မဲ့မိဘအနေနဲ့ အတော်ခက်တယ်။ အလုပ်ပြုတ်သွားတော့ ပိုဆိုးတာပေါ့။ ကားလိုင်စင် ဝင်ဖို့တောင် ပိုက်ဆံ မရှိဘူး။ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ စိတ်ဖိစီးမှုကတော့ မခံမရပ်နိုင်အောင်ပဲ။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာ မှားမှန်း သိလို့ သေပါရစေလို့ပဲ ဘုရားဆီ ဆုတောင်းနေရတယ်။”—ဘယ်ရီ။
ဂျီလ်နဲ့ ဘယ်ရီလိုပဲ သင်လည်း တစ်ခါတလေ မခံမရပ်နိုင်အောင် စိတ်ဖိစီးနေသလား။ ဒါဆိုရင် နောက်ဆောင်းပါးတွေကနေ အကူအညီနဲ့ နှစ်သိမ့်မှု ရပါလိမ့်မယ်။ အဲဒီမှာ ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေ၊ ဖိစီးမှုက ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်နိုင်ပုံ၊ အတိုင်းအတာတစ်ခုထိ ဖိစီးမှု သက်သာအောင် လုပ်နိုင်ပုံအကြောင်း ဆွေးနွေးထားပါတယ်။
a အမည်လွှဲများ။