မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကတိ​သစ္စာ​ဟာ ကျောက်ဆူး​နဲ့ တူတယ်။ မုန်တိုင်းထန်​ချိန်​မှာ အိမ်ထောင်ကို တည်ငြိမ်​စေတယ်။

ဇနီးမောင်နှံ​များ​အတွက်

၁– ကတိသစ္စာ

၁– ကတိသစ္စာ

ဆိုလိုရင်း

ကတိ​သစ္စာ​ပြုထားတဲ့ ဇနီးမောင်နှံတွေ​က အိမ်ထောင်ကို ထာဝရ နှောင်ကြိုး​အနေနဲ့ ရှုမြင်ကြတယ်။ အခက်အခဲတွေ ကြုံလာရင်​တောင် နှောင်ကြိုး​ပြတ်သွားမှာ မဟုတ်ဘူးလို့ ယုံကြည်​စိတ်ချကြတယ်။ အဲဒါက အိမ်ထောင်မှာ လုံခြုံမှု ခံစားရစေတယ်။

တချို့​မောင်နှံတွေကျတော့ လူမှုရေး​ဖိအား၊ မိသားစု​ဖိအား​ကြောင့် မတတ်သာ​လို့ ပေါင်းနေကြရတယ်။ ဒါပေမဲ့ အပြန်အလှန် ချစ်​မေတ္တာ၊ လေးစားမှု​တို့​အပေါ် အခြေခံတဲ့ ကတိ​သစ္စာရှိရင် ပိုကောင်းတယ်။

ကျမ်းစာ အခြေခံမူ။ “ခင်ပွန်း​က . . . ဇနီး​နဲ့ ခွဲ​မနေ​ရ​ဘူး။”—၁ ကောရိန္သု ၇:၁၁

“ကတိ​သစ္စာ ပြုထားရင် အိမ်ထောင်ဖက်ရဲ့​အမှားတွေကို ဗွေယူ​မှာ မဟုတ်ဘူး။ ခွင့်လွှတ်ဖို့ အသင့်ရှိ​မယ်။ ချက်ချင်း တောင်းပန်​တတ်​မယ်။ ပြဿနာတွေကို ကွဲကွာ​စေ​တဲ့​အရာတွေ​အဖြစ် မ​ရှုမြင်​ဘဲ အတားအဆီး​အဖြစ်​ပဲ ရှုမြင်တယ်။”—မိုက်ခါ။

ဘာကြောင့် အရေးကြီးသလဲ

ပြဿနာတွေ ကြုံတွေ့တဲ့အခါ ကတိ​သစ္စာ မပြုထားတဲ့ မောင်နှံတွေ​က “ငါတို့​နှစ်ယောက် အတွဲ​မညီဘူး” ဆိုပြီး လမ်းခွဲ​ဖို့ ရှာကြံ​နိုင်တယ်။

“လူများစွာ​ဟာ အဆင်မပြေ​ရင် ကွာရှင်း​မယ်​ဆိုတဲ့ စိတ်နဲ့ အိမ်ထောင်ပြု​လိုက်ကြတယ်။ ကွာရှင်း​လို့​ရတာပဲ ဆိုတဲ့​အတွေး​နဲ့ အိမ်ထောင်ပြုတဲ့အခါ သူတို့ရဲ့ ကတိ​သစ္စာ​ဟာ အစကတည်းက ချည့်နဲ့​နေပြီ။”—ဂျဲန်။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ပါ

အငြင်းပွား​တဲ့အခါ . . .

  • သူ့ကို လက်ထပ်ခဲ့​မိ​လို့ နောင်တရ​သ​လား။

  • တခြား​တစ်ယောက်နဲ့​ဆိုရင် ပို​ကောင်းမယ်လို့ တွေးမိ​သ​လား။

  • “လမ်းခွဲ​ကြ​မယ်၊” “ငါ့ကို တန်ဖိုးထားတဲ့​သူကိုပဲ ရှာတော့မယ်” လို့ ပြော​သ​လား။

မေးခွန်း တစ်ခု ဒါမှမဟုတ် တစ်ခုထက်မက​ကို ဟုတ်တယ်လို့ ဖြေရင် အိမ်ထောင်​ကတိ​သစ္စာ​ကို ခိုင်မြဲ​စေဖို့ လိုနေပြီ။

အိမ်ထောင်ဖက်​နဲ့ ဆွေးနွေးပါ

  • ငါတို့ရဲ့​အိမ်ထောင်ရေး​နှောင်ကြိုး ပြေလျော့​နေ​သ​လား။ ဘာကြောင့်လဲ။

  • အိမ်ထောင်​ကတိ​သစ္စာ ခိုင်မြဲ​စေဖို့ ဘာတွေ လုပ်ဆောင် နိုင်သလဲ။

အကြံပြုချက်များ

  • အိမ်ထောင်ဖက်​ကို ချစ်ကြောင်း စာတို​တွေ ပို့ပါ

  • အလုပ်​စားပွဲ​မှာ အိမ်ထောင်ဖက်ရဲ့ ဓာတ်ပုံ​ကို ထောင်​ထားပါ

  • အလုပ်၊ အပြင်မှာ ရောက်​နေစဉ် အိမ်ထောင်ဖက်​ကို ဖုန်းဆက်​ပါ

ကျမ်းစာ အခြေခံမူ။ “ဘုရားသခင် တွဲဖက်​ထား​သူတွေကို ဘယ်သူမှ မခွဲကြနဲ့။”—မဿဲ ၁၉:၆