ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား
ကျိုင်းကောင်ရဲ့ လှုပ်ရှားမှုအာရုံခံနိုင်စွမ်းစနစ်
ကျိုင်းကောင်းတွေဟာ “၁ စတုရန်းကီလိုမီတာ (ပေ ၃၀၀၀ ကျော်ပတ်လည်) မှာ အကောင်ရေ သန်း ၈၀ လောက်” အုပ်စုဖွဲ့ ပျံသန်းကြတာတောင် တစ်ကောင်နဲ့တစ်ကောင် မတိုက်မိကြဘူး။ ဘာကြောင့် မတိုက်မိကြတာလဲ။
သုံးသပ်ကြည့်ပါ– ကျိုင်းကောင်ရဲ့ မျက်လုံးအနောက်မှာ လှုပ်ရှားမှုကို အာရုံခံနိုင်တဲ့စနစ် ရှိတယ်။ အချင်းချင်း တိုက်မိခါနီးမှာ မြန်မြန်ရှောင်တိမ်းနိုင်ဖို့ အဲဒီအာရုံခံစနစ်က ခြေထောက်နဲ့ အတောင်ပံတွေကို သတိပေးလိုက်တယ်။ အဲဒီလို တုံ့ပြန်မှုမျိုးကို မျက်စိတစ်မှိတ်အတွင်း ငါးခါထက်မနည်း လုပ်နိုင်တယ်။
ကျိုင်းကောင်ရဲ့မျက်စိနဲ့ အာရုံခံစနစ်ကို အတုယူပြီး ရေဒါနဲ့ အနီအောက်ရောင်ခြည်သုံး အာရုံခံကိရိယာတွေ သုံးစရာမလိုဘဲ ချဉ်းကပ်လာတဲ့အရာတွေကို ထောက်လှမ်းပုံဖော်နိုင်ပြီး ရှောင်ရှားနိုင်မယ့် ကွန်ပျူတာစနစ်တစ်ရပ်ကို စက်ရုပ်မှာ သိပ္ပံပညာရှင်တွေ ထည့်သွင်းအသုံးပြုနေပါပြီ။ ဒီနည်းစနစ်ကို အသုံးပြုပြီး ယာဉ်တိုက်မှုအန္တရာယ်ကိုလျှော့ချနိုင်မယ့် အလွန်တိကျတဲ့ သတိပေးစနစ်ကို ကားတွေမှာ ထည့်သွင်းတပ်ဆင်ဖို့ သုတေသီတွေ ကြိုးစားနေကြတယ်။ “ကျိုင်းကောင်လိုမျိုး အင်းဆက်ပိုးကောင်ကနေ အတုယူ စရာတွေ အများကြီးရှိတယ်” လို့ အင်္ဂလန်နိုင်ငံ၊ လင်ကွန်းတက္ကသိုလ်က ပါမောက္ခ ရှိဂန် ယွီ က ပြောတယ်။
သင် ဘယ်လိုထင်ပါသလဲ– ကျိုင်းကောင်ရဲ့ လှုပ်ရှားမှုအာရုံခံနိုင်စွမ်းစနစ်က သူ့ဘာသာသူဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။