စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
ရွေးနုတ်ဖိုးပူဇော်သကာအကျိုးကျေးဇူးအားဖြင့် ယေဟောဝါတွင် အပြစ်လွှတ်လိုစိတ်ရှိရာ ခရစ်ယာန်များသည် အသင်းတော်ရှိ အသက်ကြီးသူများထံ အပြစ်ဝန်ချတောင်းပန်ရန် အဘယ်ကြောင့်လိုအပ်သနည်း။
ဒါဝိဒ်နှင့်ဗာသရှေဘ၏ဖြစ်ရပ်တွင် တွေ့ မြင်နိုင်သည်အတိုင်း ဒါဝိဒ်၏အပြစ်သည်ကြီးလေးသော်လည်း ဒါဝိဒ်၏စစ်မှန်သောနောင်တကြောင့် ယေဟောဝါခွင့်လွှတ်ခဲ့သည်။ ဒါဝိဒ်ထံ ပရောဖက်နာသန်ရောက်လာသောအခါ သူက “ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီ” ဟုပွင့်လင်းစွာဝန်ချတောင်းပန်၏။—၂ ဓမ္မရာဇဝင် ၁၂:၁၃။
သို့သော် ယေဟောဝါသည် အပြစ်ပြုသူ၏ရိုးသားစွာဝန်ချတောင်းပန်မှုကို လက်ခံပြီး အပြစ်လွှတ်ရုံမက အပြစ်ပြုသူ၏ဝိညာဉ်ရေး ပြန်လည်တိုးတက်ကောင်းမွန်လာစေရန် မေတ္တာပါစွာ ပြင်ဆင်ပေးချက်များကိုလည်း ပြုလုပ်ပေးသည်။ ဒါဝိဒ်၏အဖြစ်တွင် ပရောဖက်နာသန်မှတစ်ဆင့် အကူအညီပေးခဲ့သည်။ ယနေ့ ခရစ်ယာန်အသင်းတော်၌ ဝိညာဉ်ရေးတွင်ရင့်ကျက်သော အသက်ကြီးသူများ သို့မဟုတ် အကြီးအကဲများရှိကြသည်။ တပည့်တော်ယာကုပ်က ဤသို့ ရှင်းပြ၏– “[ဝိညာဉ်ရေးတွင်]နာသောသူရှိလျှင် သင်းအုပ်တို့ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏နာမတော်ကိုအမှီပြုလျက် လူနာကို ဆီနှင့်လူး၍ သူ့အပေါ်မှာဆုတောင်းကြစေ။ ထိုသို့ပြုလျှင် ယုံကြည်ခြင်း၏[ဆုတောင်းချက်]သည် လူနာကိုကယ်ဆယ်၍ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။”—ယာကုပ် ၅:၁၄၊ ၁၅။
အတွေ့အကြုံရှိအကြီးအကဲများသည် နောင်တရသောအပြစ်ပြုသူ ခံစားနေရသည့်နှလုံးနာကျင်မှုကို သက်သာစေရန် များစွာကူညီပေးနိုင်၏။ သူတို့ဂလာတိ ၆:၁) လူတစ်ဦးသည် စိတ်လိုကိုယ်လျောက်အပြစ်ဝန်မခံလျှင်ပင် နာသန်သည် ဒါဝိဒ်ထံချဉ်းကပ်ခဲ့စဉ်က ဒါဝိဒ်နောင်တယူသကဲ့သို့ အကြီးအကဲများချဉ်းကပ်လာချိန်တွင် နောင်တယူရန် လှုံ့ဆော်ခံရပေမည်။ ဤသို့ဖြင့် အကြီးအကဲများပေးသောအကူအညီသည် အပြစ်ပြုသူကို ထပ်ခါတလဲအပြစ်ပြုခြင်းအန္တရာယ်မှ ရှောင်ရှားစေ၍ စိတ်ခိုင်မာစွာအပြစ်ပြုသူဖြစ်လာခြင်း၏ ဆိုးကျိုးကိုမခံရစေရန် ထောက်ကူပေးသည်။—ဟေဗြဲ ၁၀:၂၆-၃၁။
သည် ပြစ်မှားသူနှင့်ပြောဆိုဆက်ဆံရာ၌ ယေဟောဝါကိုတုပရန် ကြိုးစားကြသည်။ သူတို့သည် ပြင်းထန်စွာဆုံးမပဲ့ပြင်ရန် လိုမည်ဖြစ်သော်လည်း ဘယ်သောအခါမျှ ကြမ်းတမ်းလိုမည်မဟုတ်ချေ။ ၎င်းအစား၊ သူတို့သည် ထိုသူ၏လတ်တလောလိုအပ်ရာကို ထောက်ထားစာနာစွာ စဉ်းစားပေးသည်။ သမ္မာကျမ်းစာကို အသုံးပြု၍ အပြစ်ပြုသူ၏စဉ်းစားတွေးခေါ်ပုံကို ပြန်လည်တည့်မတ်ပေးရန် စိတ်ရှည်စွာကြိုးစားကြသည်။ (ရှက်ဖွယ်အပြုအမူများကို အခြားသူများအား ဝန်ချတောင်းပန်ခြင်းနှင့် ခွင့်လွှတ်မှုရယူရန် ကြိုးစားခြင်းတို့သည် အမှန်ပင်မလွယ်ကူချေ။ သို့ပြုရန် အတွင်းခွန်အားလိုအပ်၏။ သို့သော် အခြားတစ်ဖက်ကို ခေတ္တစဉ်းစားကြည့်ပါ။ အသင်းတော်အကြီးအကဲများအား မိမိ၏ကြီးလေးသောအပြစ်ကို ဖော်ပြရန်ပျက်ကွက်သူတစ်ဦးက ဤသို့ဆိုသည်– “မမေ့ပျောက်နိုင်လောက်အောင် နှလုံးနာကျင်ခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်ပိုကြိုးစားပေမဲ့ ကျွန်တော့်မှာ စိတ်အနှောင့်အယှက်ဖြစ်မှုက ပျောက်မသွားခဲ့ဘူး။” ဘုရားသခင်ကို ဆုတောင်းပြီး ဝန်ချတောင်းပန်ရုံဖြင့်လုံလောက်သည်ဟု သူထင်မှတ်ခဲ့သည်၊ သို့သော် ထိုသို့မဟုတ်ခဲ့ကြောင်းထင်ရှားသည်၊ အကြောင်းမှာ သူသည် ဘုရင်ဒါဝိဒ်နည်းတူခံစားနေရသောကြောင့်ပင်။ (ဆာလံ ၅၁:၈၊ ၁၁) အကြီးအကဲများမှတစ်ဆင့် ယေဟောဝါပြင်ဆင်ပေးသော မေတ္တာပါအကူအညီကို လက်ခံခြင်းသည် သာ၍ကောင်းသည်မဟုတ်ပေလော!