စိန့်အစစ်အမှန်များ သင့်ကိုမည်သို့ကူညီပေးနိုင်သနည်း
စိန့်အစစ်အမှန်များ သင့်ကိုမည်သို့ကူညီပေးနိုင်သနည်း
သမ္မာကျမ်းစာဘာသာပြန်ကျမ်းအချို့၌ “စိန့်” ဟုဘာသာပြန်ဆိုထားသော ဂရိစကားလုံးကို “သန့်ရှင်းသူ” ဟုဘာသာပြန်ဆိုနိုင်၏။ ၎င်းစကားရပ်သည် မည်သူတို့နှင့်သက်ဆိုင်သနည်း။ “ဗဟုဝုစ်ကိန်းဖြင့် ယုံကြည်သူများကိုရည်ညွှန်းသောအခါ ၎င်းစကားရပ်သည် အထူးသန့်ရှင်းစင်ကြယ်သူများ၊ သန့်ရှင်းစင်ကြယ်သည့်အပြုအမူများဖြင့် ထူးခြားထင်ရှားခဲ့သော ကွယ်လွန်သူများနှင့်သာ ဆက်စပ်၍ အသုံးပြုသည်မဟုတ်ဘဲ ယုံကြည်သူအားလုံးကိုဆိုလိုသည်” ဟု ဓမ္မသစ်ကျမ်းစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန်ကဆိုသည်။
ထို့ကြောင့် တမန်တော်ပေါလုက ကနဦးခရစ်ယာန်အားလုံးကို စိန့်အစစ်အမှန်များ၊ သန့်ရှင်းသူများအဖြစ် သတ်မှတ်ခဲ့သည်။ ဥပမာ၊ စီ.အီး. ပထမရာစု၌ရေးသားခဲ့သောစာတစ်စောင်ကို သူက “ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏အသင်းတော်မှစ၍၊ [ရောမလက်အောက်ခံ] အခါယပြည်အရပ်ရပ်တို့၌ရှိသော သန့်ရှင်းသူအပေါင်းတို့” ထံလိပ်တပ်ခဲ့သည်။ (၂ ကောရိန္သု ၁:၁) နောက်ပိုင်းတွင် ပေါလုသည် “ဘုရားသခင်ချစ်တော်မူ၍၊ သန့်ရှင်းသူအရာ၌ခန့်ထားသော ရောမမြို့သူမြို့သားအပေါင်းတို့” ထံစာတစ်စောင်ရေးပြန်သည်။ (ရောမ ၁:၅၊ ၆) ဤသန့်ရှင်းသူများသည် မကွယ်လွန်သေးချေ၊ ထူးခြားထင်ရှားသော မွန်မြတ်သည့်အကျင့်ကြောင့် ကျန်ယုံကြည်သူများမှ သီးသန့်ခွဲထုတ်ဖော်ပြခြင်းလည်း မခံခဲ့ရပါ။ အဘယ်အရာပေါ်အခြေပြု၍ ဤသူတို့ကို သန့်ရှင်းသူများအဖြစ် ခွဲခြားဖော်ပြရသနည်း။
ဘုရားသခင်က သီးသန့်ဖြစ်စေတော်မူခဲ့
လူတစ်ဦးကို လူများ သို့မဟုတ် အဖွဲ့အစည်းတစ်ခုက စိန့်ဖြစ်စေသည်မဟုတ်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ သမ္မာကျမ်းစာက “[ဘုရားသခင်]သည် ငါတို့အပြုအကျင့်များအလျောက်မဟုတ်၊ ကိုယ်တော်တိုင်၏ကြံစည်တော်မူချက်နှင့် မခံစားထိုက်သောကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍ သန့်ရှင်းသောအဖြစ်သို့ ခေါ်ထားတော်မူ၏” ဟုဆိုသည်။ (၂ တိမောသေ ၁:၉) သန့်ရှင်းသူတစ်ဦးသည် ဘုရားသခင်၏မခံစားထိုက်သော သနားကြင်နာမှုနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်နှင့်အညီ ယေဟောဝါ၏ခေါ်တော်မူခြင်းကြောင့် သန့်ရှင်းခြင်းအဖြစ်ကိုရ၏။
ခရစ်ယာန်အသင်းတော်၏ သန့်ရှင်းသူများသည် “ပဋိညာဉ်သစ်” တွင် ပါဝင်သူများဖြစ်ကြသည်။ ယေရှုခရစ်၏အသွေးတော်က ဤပဋိညာဉ်ကို တရားဝင်စေပြီး ၎င်း၌ပါဝင်သူများကို သီးသန့်ဖြစ်စေသည်။ (ဟေဗြဲ ၉:၁၅; ၁၀:၂၉; ၁၃:၂၀၊ ၂၄) ဘုရားသခင့်ရှေ့တော်၌ သန့်စင်သူများဖြစ်ကြရာ သူတို့သည် ‘သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်ပြီး ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာဓမ္မယဇ်ကို ပူဇော်ရ’ ကြသည်။—၁ ပေတရု ၂:၅၊ ၉။
စိန့်များ၏ဆုတောင်းချက်နှင့် သူတို့၏ကြားဖျန်မှု
“စိန့်များ” သည် ယုံကြည်သူများအား အထူးတန်ခိုးအာဏာ အပ်နှင်းနိုင်သည်ဟူသော အယူအဆကြောင့် သန်းပေါင်းများစွာသောသူတို့သည် ရုပ်ကြွင်းများကိုအသုံးပြုခြင်း၊ ကြားဖျန်များအဖြစ် သူတို့ထံဆုပန်ခြင်းဖြင့် သူတို့ကိုကြည်ညိုလေးမြတ်ကြသည်။ ယင်းသည် ကျမ်းစာသွန်သင်ချက်ဖြစ်သလော။ တောင်ပေါ်တရားတော်၌ ယေရှုက “ထို့ကြောင့် သင်တို့ဆုတောင်းရမည်မှာ ‘ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော’” ဟုဆိုလျက် ဘုရားသခင်ထံချဉ်းကပ်ရမည်ဟု မိမိ၏နောက်လိုက်များအား သွန်သင်ပေးခဲ့သည်။ (မဿဲ ၆:၉) ယေဟောဝါဘုရားသခင် တစ်ပါးတည်းထံသာ ဆုတောင်းဖို့ သင့်လျော်ပါသည်။
ဓမ္မပညာရှင်အချို့သည် “စိန့်များ” ၏ကြားဖျန်မှုကို ထောက်ခံဖို့ကြိုးစားရာတွင် ရောမ ၁၅:၃၀ ကိုထောက်ပြသည်၊ ထိုတွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူကြိုးစားအားထုတ်၍ ငါ့အဖို့အလိုငှာ ဘုရားသခင်ကို ဆုတောင်း . . . ကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ်တော်၏မေတ္တာ . . . ကိုအကြောင်းပြု၍ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပါ၏။” (ရောမ ၁၅:၃၁) ဤတွင် ပေါလုသည် မိမိထံဆုတောင်းရန် သို့မဟုတ် ဘုရားသခင်ထံချဉ်းကပ်ရာတွင် မိမိ၏အမည်ကိုအမှီပြုရန် ယုံကြည်သူများအား တိုက်တွန်းနေခြင်းလော။ မဟုတ်ပါ။ စိန့်အစစ်အမှန်များ သို့မဟုတ် သန့်ရှင်းသူများအဖို့အလိုငှာ ဆုတောင်းရန် သမ္မာကျမ်းစာက တိုက်တွန်းထားသော်လည်း ဤသန့်ရှင်းသူများထံသို့ သို့မဟုတ် သူတို့ မှတစ်ဆင့်ဆုတောင်းဖို့ တစ်ချိန်တစ်ခါမျှ ဘုရားသခင်မိန့်မှာတော်မမူချေ။—ဖိလိပ္ပိ ၁:၁၊ ၃၊ ၄။
သို့ရာတွင် ကျွန်ုပ်တို့ဆုတောင်းသည့်အခါ ကျွန်ုပ်တို့အတွက် ကြားဖျန်ပေးရန် သူတစ်ဦးကို ဘုရားသခင်ခန့်အပ်ထားတော်မူပြီ။ ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ [အမှန်]တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ” ဟုမိန့်ဆိုခဲ့သည်။ ကိုယ်တော်ဤသို့လည်းမိန့်တော်မူသည်– “သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။” (ယောဟန် ၁၄:၆၊ ၁၃၊ ၁၄) ယေဟောဝါသည် ယေရှု၏နာမဖြင့်တောင်းသော ဆုတောင်းချက်များကို နားညောင်းဖို့အသင့်ရှိမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ယေရှုနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဆို၏– “ထိုသူတို့အဖို့ အသနားတော်ခံ [“ကြားဝင်အသနားခံ၊” ကဘ] ရန် ကိုယ်တော်သည် ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကိုလုံးလုံးကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။”—ဟေဗြဲ ၇:၂၅၊ သမ္မာ။
ယေရှုသည် ကျွန်ုပ်တို့အကျိုးအတွက် ကြားဝင်အသနားခံဖို့အသင့်ရှိသည်ဆိုလျှင် ခရစ်ယာန်ဘောင်ရှိဝတ်ပြုသူများသည် “စိန့်များ” ကိုအမှီပြုပြီး အဘယ်ကြောင့်ဆုတောင်းလေ့ရှိသနည်း။ သမိုင်းဆရာဝီလ်ဒူးရဲ့န်တ်သည် ယုံကြည်ခြင်းခေတ်ဟူသော သူ၏စာအုပ်တွင် ၎င်းအကျင့်ဓလေ့၏ မူလအစကို ခြေရာခံဖော်ပြထားသည်။ အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်အား ကြောက်ရွံ့ရိုသေခန့်ညားကြကာ ယေရှုထံချဉ်းကပ်ဖို့ ပိုလွယ်ကူဟန်ရှိကြောင်း သတိပြုမှတ်သားပြီး ဒူးရဲ့န်တ်က “လူတစ်ဦးသည် ကိုယ်တော်၏မင်္ဂလာတရားတော်ကို လုံးလုံးမသိကျိုးကျွန်ပြုပြီးနောက် [ယေရှု]ထံ တိုက်ရိုက်စကားမပြောဝံ့တော့ပေ။ ထိုအခါ ကောင်းကင်တွင်ရှိသည်ဟု အသိအမှတ်ပြုခြင်းခံရသော စိန့်တစ်ဦးထံဆုတောင်းပြီး ခရစ်တော်ရှေ့ ကြားဖျန်ပေးပါရန် အသနားခံခြင်းက ပို၍အမြော်အမြင်ရှိပုံရလေသည်” ဟုဆို၏။ ဤစိုးရိမ်ပူပန်မှုများသည် ကျိုးကြောင်းခိုင်လုံပါသလော။
ဧဖက် ၃:၁၁၊ ၁၂) အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားမညောင်းနိုင်လောက်အောင် လူသားတို့နှင့် အလှမ်းဝေးလွန်းသည်မဟုတ်ပါ။ ဆာလံဆရာဒါဝိဒ်က ယုံကြည်စိတ်ချစွာဖြင့် ဤသို့ဆုတောင်းခဲ့သည်– “[ဆုတောင်းခြင်း]ကိုနားထောင်တော်မူသောဘုရား[သခင်] ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။” (ဆာလံ ၆၅:၂) ယေဟောဝါသည် ကွယ်လွန်သူ “စိန့်များ” ၏ရုပ်ကြွင်းများမှတစ်ဆင့် တန်ခိုးပေးမည့်အစား ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သူများအပေါ် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူ၏။ ယေရှုက ဤသို့ကျိုးကြောင်းဆင်ခြင်၍ ဖော်ပြခဲ့သည်– “သင်တို့သည်အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော။”—လုကာ ၁၁:၁၃။
ကျွန်ုပ်တို့သည် ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်ထံ “ရဲရင့်သောစိတ်နှင့်တိုးဝင်၍ အသနားတော်ခံ” ဆုတောင်းနိုင်ကြောင်း သမ္မာကျမ်းစာကသွန်သင်ပေးသည်။ (သန့်ရှင်းသူများ၏အခန်းကဏ္ဍ
ပေါလုစာရေးခဲ့သော သန့်ရှင်းသူများသည် ရာစုနှစ်များစွာကတည်းက ကွယ်လွန်ခဲ့ကြပြီး အချိန်တန်သော် ကောင်းကင်သို့ ရှင်ပြန်ထမြောက်ပြီး “အသက်သရဖူ” ကိုရရှိကြမည်ဖြစ်သည်။ (ဗျာ. ၂:၁၀) ဤစိန့်အစစ်အမှန်များကို ကြည်ညိုလေးမြတ်ခြင်းဖြင့် ဖျားနာခြင်း၊ သဘာဝဘေးဒဏ်များ၊ စီးပွားရေးမငြိမ်သက်မှု၊ အသက်အရွယ်ကြီးရင့်ခြင်း သို့မဟုတ် သေခြင်းတို့မှ ကာကွယ်ခံရမည်ဟုအာမ,မခံနိုင်ကြောင်း ဘုရားသခင်အား အကိုင်းရှိုင်းဆုံးဝတ်ပြုသူများပင် ဝန်ခံကြသည်။ သို့ဖြစ်၍ သင်က ‘ဘုရားသခင်၏သန့်ရှင်းသူများသည် ကျွန်ုပ်တို့ကို အမှန်ပင်ဂရုစိုက်သလော။ ကျွန်ုပ်တို့အကျိုးကို သယ်ပိုးပေးမည်ဟု မျှော်လင့်နိုင်မည်လော’ ဟုမေးကောင်းမေးပေမည်။
ဒံယေလမှတ်တမ်းတင်ခဲ့သော ပရောဖက်ပြုချက်တစ်ခုတွင် သန့်ရှင်းသူများသည် အရေးပါသောကဏ္ဍ၌ ပါဝင်ခဲ့ကြ၏။ ဒံယေလသည် ဘီ.စီ.အီး. ခြောက်ရာစုတွင် ကျွန်ုပ်တို့ခေတ်တိုင် ပြည့်စုံသက်ဆိုင်သည့် စိတ်လှုပ်ရှားဖွယ်အဆင်းအာရုံတစ်ခုကို မြင်ခဲ့၏။ လူသားတို့၏တကယ့်လိုအပ်ရာများကို ဖြည့်ဆည်းမပေးနိုင်သော လူ့အစိုးရများကို ကိုယ်စားပြုသည့် ကြောက်မက်ဖွယ်သားရဲလေးကောင်သည် ပင်လယ်ထဲမှတက်လာ၏။ ထိုအခါ ဒံယေလဤသို့ပရောဖက်ပြုသည်– “သို့သော်လည်း အမြင့်ဆုံးသောဘုရား[သခင်]၏သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက်စံစားကြလတ္တံ့။”—ဒံယေလ ၇:၁၇၊ ၁၈။
ကောင်းကင်တွင် ခရစ်တော်၏တွဲဖက်အမွေခံများအဖြစ် “သန့်ရှင်းသူတို့ . . . ခံရသောအမွေတော်” အကြောင်း ပေါလုအခိုင်အမာပြောဆိုခဲ့သည်။ (ဧဖက် ၁:၁၈-၂၁) ယေရှု၏အသွေးတော်သည် သန့်ရှင်းသူ ၁၄၄,၀၀၀ ကောင်းကင်ဘုန်းဝင်စားရန် ရှင်ပြန်ထမြောက်ဖို့အတွက် လမ်းဖွင့်ပေးတော်မူခဲ့သည်။ တမန်တော်ယောဟန်က ဤသို့ကြေညာသည်– “ပထမထမြောက်ခြင်းကိုဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍၊ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံရလိမ့်မည်။” (ဗျာ. ၂၀:၄၊ ၆; ၁၄:၁၊ ၃) ဘုန်းဝင်စားသောယေရှုရှေ့မှောက်တော်တွင် ကောင်းကင်တပ်မဟာကြီးက ဤသို့သီဆိုသည်ကို အဆင်းအာရုံတွင် ယောဟန်ကြားခဲ့ရသည်– “ကိုယ်တော်သည် . . . အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့်ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။ အကျွန်ုပ်တို့၏ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထား၍ မြေကြီးပေါ်မှာစိုးစံရသောအခွင့်ကို ပေးတော်မူ၏။” (ဗျာ. ၅:၉၊ ၁၀) အလွန်အားရှိစရာပါတကား! ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင် ဤအမျိုးသား၊ အမျိုးသမီးများကို အသေအချာရွေးချယ်တော်မူခဲ့ပြီ။ ထို့အပြင် သူတို့သည် လူသားတို့ကြုံတွေ့ခဲ့ရသော အခက်အခဲဟူသ၍ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီး မြေကြီးပေါ် တည်ကြည်စွာအမှုထမ်းခဲ့ကြပြီ။ (၁ ကောရိန္သု ၁၀:၁၃) ထို့ကြောင့် ရှင်ပြန်ထမြောက်ပြီးသော ဤသန့်ရှင်းသူများ သို့မဟုတ် စိန့်များသည် ကျွန်ုပ်တို့၏အားနည်းချက်များနှင့် အကန့်အသတ်ဖြစ်မှုများကို ထည့်စဉ်းစားပေးမည့် သနားကြင်နာ၍ စာနာတတ်သောအုပ်စိုးသူများဖြစ်ကြလိမ့်မည်ဟူ၍ ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။
ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် ကောင်းချီးများ
မကြာမီ ဘုရားသခင့်နိုင်ငံတော်အစိုးရသည် ဆိုးသွမ်းမှုနှင့် ဆင်းရဲခြင်းဝေဒနာအားလုံးကို မြေကြီးပေါ်မှ ဖယ်ရှားပါတော့မည်။ ထိုအချိန်တွင် လူသားတို့သည် ဘုရားသခင်ထံ ယခင်ကထက်ပိုချဉ်းကပ်လာကြပါလိမ့်မည်။ ယောဟန်ဤသို့ရေးသားခဲ့သည်– “ကောင်းကင်မှကြီးသောအသံကား ‘ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။’” ယင်းက လူသားတို့အား ကောင်းချီးများ မရေမတွက်နိုင်အောင် ခံစားစေမည်၊ အကြောင်းမှာ ပရောဖက်ဗျာ. ၂၁:၃၊ ၄။
ပြုချက်က ဤသို့ဆက်ဆို၏– “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ပျော်ရွှင်စရာကောင်းလိုက်မည်ဖြစ်ခြင်း! ယေရှုခရစ်နှင့် သန့်ရှင်းသူ ၁၄၄,၀၀၀ တို့၏ စုံလင်သောအုပ်ချုပ်မှု၏ အကျိုးဆက်များကို မိက္ခာ ၄:၃၊ ၄ ၌ဤသို့ထပ်ဆင့်ဖော်ပြထားသည်– “[ယေဟောဝါ]သည် များပြားသောလူတို့တွင် တရားစီရင်၍ ဝေးစွာနေလျက် အားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူသဖြင့် သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။ လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။”
သန့်ရှင်းသူများက အဆိုပါကောင်းချီးများကို မွေ့လျော်ခံစားကြရန် ဖိတ်ခေါ်လျက်ရှိသည်။ သတို့သမီးတစ်ဦးဖြင့် ပုံဆောင်ခံရသော စိန့်အစစ်အမှန်များက “လာလော့” ဟုပြောဆိုလျက်ရှိသည်။ ကျမ်းချက်က ဤသို့ဆက်ပြောသည်– “ကြားရသူတိုင်းလည်း ‘လာလော့’ ဟုဆိုပါစေ။ ရေငတ်သူတိုင်း လာပါစေ။ ဆန္ဒရှိသူတိုင်း အသက်ရေကို အခမဲ့ယူပါစေ။” (ဗျာ. ၂၂:၁၇၊ ကဘ) “အသက်ရေ” တွင်အဘယ်အရာပါဝင်သနည်း။ အခြားအရာများအပြင် ဘုရားသခင့်ရည်ရွယ်တော်မူချက်များဆိုင်ရာ တိကျမှန်ကန်သောအသိပညာပါဝင်သည်။ ဘုရားသခင်ထံဆုတောင်းရာတွင် ယေရှုဤသို့မိန့်ဆိုခဲ့သည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ဤအသိပညာကို သမ္မာကျမ်းစာ မှန်မှန်လေ့လာခြင်းဖြင့် ရရှိနိုင်ပါသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကြောင့် မည်သူမည်ဝါတို့သည် သန့်ရှင်းသူအစစ်အမှန်များဖြစ်ကြောင်း ကျွန်ုပ်တို့ခွဲခြားသိမြင်နိုင်ပြီး လူသားတို့ ထာဝရကောင်းကျိုးခံစားကြရဖို့ သူတို့ကို ဘုရားသခင်မည်သို့အသုံးပြုတော်မူမည်အကြောင်း သိရှိရသည့်အတွက် ကျွန်ုပ်တို့အမှန်တကယ် ရွှင်လန်းနိုင်ကြသည်တကား!
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ပေါလုသည် မှုတ်သွင်းခံစာစောင်များကို စိန့်အစစ်အမှန်တို့ထံ ရေးသားခဲ့
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ယေရှု၏တည်ကြည်သောတမန်တော်များသည် စိန့်အစစ်အမှန်များ သို့မဟုတ် သန့် ရှင်းသူများဖြစ်လာခဲ့ကြ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့သည် ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်ထံ ယုံကြည်စိတ်ချစွာ ဆုတောင်းနိုင်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ရှင်ပြန်ထမြောက်ပြီးသောစိန့်များ သို့မဟုတ် သန့် ရှင်းသူများသည် ထောက်ထားစာနာတတ်သော မြေကြီးအုပ်စိုးရှင်များဖြစ်ကြပါလိမ့်မည်