မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမလား”

“လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမလား”

“လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမလား”

● ကမ္ဘာဂြိုဟ်ကို အာကာသကနေ ကြည့်လိုက်မယ်ဆိုရင် အပြာရောင်နဲ့အဖြူရောင် ရောယှက်နေတဲ့ ကျောက်မျက်ရတနာတစ်ခုလို တွေ့ရမှာဖြစ်တယ်။ ဒါပေမဲ့ အနီးကပ်ကြည့်လိုက်တဲ့အခါ ကမ္ဘာကြီးဟာ ဆင်းရဲခက်ခဲမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘာကြောင့်လဲ။ အဖြေက ရိုးရိုးလေးပါ။ လူသားတွေဟာ ကမ္ဘာပေါ်မှာ ကောင်းကောင်း မနေထိုင်ကြလို့ပါ။ ဘယ်လိုနည်းတွေအားဖြင့်လဲ။ လေထုရေထုကို ညစ်ညမ်းစေတာ၊ သစ်တောတွေ ပြုန်းတီးအောင် ခုတ်ထွင်ရှင်းလင်းတာ၊ ခေါင်းပုံဖြတ်တာ၊ အကြမ်းဖက်တာ၊ သွေးထွက်သံယိုဖြစ်တာ၊ လိင်ဆိုင်ရာအကျင့်ပျက်ပြားတာတွေနဲ့ ကမ္ဘာကြီးကို ဖျက်ဆီးနေကြပါတယ်။

လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်လောက်ကတည်းက သမ္မာကျမ်းစာမှာ ဒီလိုဝမ်းနည်းစရာကောင်းတဲ့ အခြေအနေတွေအကြောင်းကို ကြိုပြောထားပါတယ်။ (၂ တိမောသေ ၃:၁-၅; ဗျာ. ၁၁:၁၈) အဲဒီအပြင် ကိစ္စရပ်တွေကို အကုန်အစင် ပြုပြင်ပြောင်းလဲပေးမယ့်သူက လူသားတွေမဟုတ်ဘဲ ဘုရားသခင်ပဲဖြစ်တယ် ဆိုတာကိုလည်း ကြိုပြောထားပါတယ်။ အဲဒီအရေးကြီးတဲ့ အကြောင်းအရာတွေကို “လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမလား” ဆိုတဲ့ လူထုဟောပြောချက်မှာ အဆင့်ဆင့် တင်ပြပါလိမ့်မယ်။ “ဘုရားသခင့်နိုင်ငံတော် လာပါစေ” ဆိုတဲ့ ယေဟောဝါသက်သေတွေရဲ့ ခရိုင်စည်းဝေးကြီးတွေမှာ ဒီဟောပြောချက်ကို တင်ဆက်သွားမယ်။ ဒီခရိုင်စည်းဝေးကြီးတွေကို အမေရိကန်နိုင်ငံမှာ မေလကနေ စတင်ပြီး ကမ္ဘာတစ်ဝန်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

သင်နဲ့အနီးဆုံးနေရာမှာ ကျင်းပမယ့် ခရိုင်စည်းဝေးကြီးကို တက်ရောက်ဖို့ သင့်ကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ အသေးစိတ်သိချင်တယ်ဆိုရင် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ ကျေးဇူးပြု၍ ဆက်သွယ်ပါ။ ဒါမှမဟုတ် ဒီမဂ္ဂဇင်းထုတ်ဝေသူတွေဆီ စာရေးပါ။ www.ps8318.com