ဆာလံ ၁၇:၁-၁၅
ဒါဝိဒ်ရဲ့ ဆုတောင်းချက်။
၁၇ အို ယေဟောဝါ၊ တရားမျှတမှုအတွက် ကျွန်တော် အသနားခံ နေတာကို ကြားလှည့်ပါ။
ကျွန်တော် အကူအညီတောင်းတာကို အာရုံစိုက်ပေးပါ။
စိတ်ရင်းမှန်နဲ့ ဆုတောင်းတာကို နားထောင်ပေးပါ။+
၂ ကျွန်တော့်အတွက် တရားသဖြင့် ဆုံးဖြတ်ပေးပါ။+
ကျွန်တော် ဖြောင့်မှန်တယ်ဆိုတာ ကိုယ်တော် တွေ့မြင်ပါစေ။
၃ ကျွန်တော့် စိတ်နှလုံးကို ကိုယ်တော် စစ်ဆေးတယ်။ ညအချိန်မှာ ကျွန်တော့်ကို စစ်ကြောတယ်။+
ကျွန်တော့်ကို သန့်စင်ပေးတယ်။+
မကောင်းတာ တစ်ခုမှ မကြံစည်မှန်း၊နှုတ်နဲ့လည်း မပြစ်မှားမှန်း ကိုယ်တော် သိတယ်။
၄ လူတွေ ဘာတွေပဲ လုပ်နေပါစေ၊ကျွန်တော်ကတော့ နှုတ်တော်ထွက်စကားကြောင့် ဓားပြတွေရဲ့ လမ်းစဉ်ကို ရှောင်ရှားနိုင်တာပါ။+
၅ ကျွန်တော် တိုက်မိမလဲရအောင်+
ကိုယ်တော့်လမ်းတွေပေါ်မှာပဲ လျှောက်လှမ်းပါရစေ။
၆ အို ဘုရားသခင်၊ ကိုယ်တော် နားထောင်မယ်ဆိုတာသိလို့ တောင်းလျှောက်ရတာပါ။+
နားကိုစွင့်ပြီး ကျွန်တော် ပြောတာကို နားထောင်ပေးပါ။+
၇ ပုန်ကန်သူတွေရဲ့ရန်ကနေ လွတ်ဖို့ညာလက်ရုံးတော်အောက်မှာ လာခိုလှုံတဲ့သူတွေကို ကယ်တင်တဲ့အရှင်၊ခိုင်မြဲတဲ့မေတ္တာတော်ကို အံ့ဖွယ်နည်းနဲ့ ပြသလှည့်ပါ။+
၈ ကိုယ်တော်ရဲ့ မျက်ဆန်လို ကျွန်တော့်ကို ကာကွယ်ပေးပါ။+
အတောင်တော် အရိပ်အောက်မှာ ဝှက်ထားပေးပါ။+
၉ တိုက်ခိုက်နေတဲ့ လူဆိုးတွေ၊ဝိုင်းရံထားတဲ့ ရန်သူတွေလက်ကနေ ကာကွယ်ပေးပါ။+
၁၀ သူတို့မှာ စာနာစိတ် မရှိဘူး။
မောက်မောက်မာမာ ပြောတတ်တယ်။
၁၁ ကျွန်တော်တို့ကို ဝိုင်းရံပိတ်ဆို့ထားတယ်။+
အလဲထိုးဖို့ အခွင့်ကောင်း စောင့်နေတယ်။
၁၂ သားကောင်ကို အပိုင်းပိုင်းဆွဲဖြတ်ချင်တဲ့ ခြင်္သေ့လိုပဲ။
ဝပ်ပြီး ချောင်းမြောင်းနေတဲ့ ခြင်္သေ့ပျိုလိုပဲ။
၁၃ အို ယေဟောဝါ၊ ထတော်မူပါ။
ရန်သူကို ထိပ်တိုက်ရင်ဆိုင်ပြီး+ ရှုံးနိမ့်စေပါ။
လူဆိုးရဲ့လက်ကနေ ကိုယ်တော့်ဓားနဲ့ ကယ်တင်ပေးပါ။
၁၄ ယေဟောဝါဘုရား၊ ဒီလောကသားတွေလက်ကနေ လက်ရုံးတော်နဲ့ ကယ်တင်ပေးပါ။
သူတို့ရဲ့ဝေစုဟာ လက်ရှိ အသက်တာအတွက်ပဲ။+
ကောင်းတဲ့အရာတွေ ကိုယ်တော် ဖြည့်ဆည်းပေးတဲ့အတွက်+
သူတို့လည်း သားသမီးတွေအတွက် အမွေဥစ္စာ ချန်ထားကြတယ်။
၁၅ ကျွန်တော်ကတော့ ဖြောင့်မတ်တဲ့အတွက် မျက်နှာတော်ကို ဖူးမြင်ခွင့်ရလိမ့်မယ်။
နိုးထလာတဲ့အခါ ကိုယ်တော့်ကို မြင်ရရင်ပဲ ကျေနပ်ပါပြီ။+