ဆာလံ ၉၅:၁-၁၁

  • နာခံမှုနဲ့ ဒွန်တွဲတဲ့ စစ်မှန်သောဝတ်ပြုရေး

    • ‘ဒီနေ့ ဘုရားပြောတာ နားထောင်စေချင်လိုက်တာ’ ()

    • “ခေါင်းမမာကြနဲ့” ()

    • “သူတို့ကို ငါနဲ့အတူ အနားယူခွင့်မပေးဘူး” (၁၁)

၉၅  လာကြ။ ယေဟောဝါအတွက် ရွှင်လန်းစွာ သီချင်းဆိုကြစို့။ ငါတို့ရဲ့ ကယ်တင်ခြင်း ကျောက်ဆောင်ဆီ အောင်သံလွှင့်ကြစို့။+  ၂  ကျေးဇူးတင် ချီးမွမ်းရင်း ရှေ့တော်ကို ဝင်ကြစို့။+ ဘုရားဆီ အောင်သံလွှင့်ပြီး သီချင်းဆိုကြစို့။ ၃  ယေဟောဝါဟာ ကြီးမြတ်တဲ့ ဘုရားသခင်၊တခြားဘုရားတွေထက် ကြီးမြတ်တဲ့ဘုရင် ဖြစ်လို့ပါ။+ ၄  ကမ္ဘာမြေရဲ့ အနက်ရှိုင်းဆုံးနေရာဟာ ဘုရားလက်ထဲမှာ ရှိတယ်။ တောင်ထိပ်တွေကို ဘုရား ပိုင်တယ်။+ ၅  ဖန်ဆင်းထားတဲ့ ပင်လယ်ကိုလည်း ပိုင်တယ်။+ ကုန်းမြေကို လက်တော်နဲ့ ပုံသွင်းတယ်။+ ၆  လာကြ။ ဦးချပြီး ဝတ်ပြုကြစို့။ ငါတို့ရဲ့ ဖန်ဆင်းရှင် ယေဟောဝါရှေ့မှာ ဒူးထောက်ကြစို့။+ ၇  ကိုယ်တော်ဟာ ငါတို့ရဲ့ ဘုရားသခင်ပဲ။ ငါတို့က ဘုရားရဲ့ စားကျက်ထဲက လူတွေ၊ဘုရားရဲ့ဂရုစိုက်မှုကို ခံရတဲ့ သိုးတွေပဲ။+ ဒီနေ့ မင်းတို့ကို ဘုရားပြောနေတာ နားထောင်စေချင်လိုက်တာ–+ ၈  တောကန္တာရက မေရိဘ* အရပ်မှာတုန်းကလို၊မာဆာ* အရပ်မှာတုန်းကလို+ မင်းတို့ ခေါင်းမမာကြနဲ့။+ ၉  အဲဒီတုန်းက မင်းတို့ရဲ့ဘိုးဘေးတွေ ငါ့ကို အကဲစမ်းကြတယ်။+ ငါ့လုပ်ဆောင်မှုတွေကို မြင်ရတာတောင် ငါ့ကို စိန်ခေါ် ခဲ့ကြတယ်။+ ၁၀  အဲဒီလူမျိုးဆက်ကို နှစ်ပေါင်း ၄၀ လုံး ငါရွံရှာခဲ့တယ်။ “သူတို့ရဲ့စိတ်ဟာ အမြဲပဲ လမ်းလွဲနေတယ်။ ငါ့လမ်းစဉ်တွေကို မသိကြဘူး” လို့ ငါပြောခဲ့တယ်။ ၁၁  ဒါကြောင့် “သူတို့ကို ငါနဲ့အတူ အနားယူခွင့်မပေးဘူး” လို့ငါဒေါသနဲ့ ကျိန်ဆိုခဲ့တယ်။+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ရန်ရှာခြင်း။’
အဓိပ္ပာယ်၊ “အကဲစမ်းခြင်း။”