ရောမ ၆:၁-၂၃

  • နှစ်ခြင်းခံပြီး ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာသူများ ဘဝလမ်းစဉ်အသစ်မှာ လျှောက်လှမ်း (၁-၁၁)

  • ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒနောက် လိုက်ပြီး အပြစ်ကို ကြီးစိုးခွင့်မပြုပါနဲ့ (၁၂-၁၄)

  • အပြစ်ရဲ့ကျွန်ကနေ ဘုရားသခင်ရဲ့ကျွန်ဖြစ်လာ (၁၅-၂၃)

    • အပြစ်ရဲ့အခဟာ သေခြင်း။ ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးဟာ အသက် (၂၃)

 ဒါဆိုရင်  ဘယ်လိုပြောရမလဲ။ မဟာကရုဏာတော် ကြီးမားလှတယ်ဆိုတိုင်း အပြစ်တွေ ဆက်ကျူးလွန်နေရမှာလား။ ၂  လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့က အပြစ်လမ်းစဉ်မှာ သေဆုံးခဲ့ပြီးမှတော့+ အဲဒီလမ်းစဉ်မှာ ဘယ်လို ဆက်ရှင်သန်လို့ရမှာလဲ။+ ၃  ကျွန်တော်တို့အားလုံး နှစ်ခြင်းခံပြီး ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီဆိုတော့+ ခရစ်တော်နဲ့အတူ သေခြင်းမှာ နှစ်ခြင်းခံရမယ်ဆိုတာ  မသိကြဘူးလား။+ ၄  ကျွန်တော်တို့က ခရစ်တော်ရဲ့သေခြင်းမှာ နှစ်ခြင်းခံထားတဲ့အတွက်  ခရစ်တော်နဲ့အတူ သင်္ဂြိုဟ်ခံရတယ်။+ အဖဘုရားရဲ့ ဘုန်းတော်ကြောင့်  ခရစ်တော်ဟာ သေရာကနေ အသက်ပြန်ရှင်လာသလို ကျွန်တော်တို့လည်း ဘဝလမ်းစဉ်သစ်မှာ လျှောက်လှမ်းရမယ်။+ ၅  ခရစ်တော်လို သေဆုံးတယ်ဆိုရင်+ ခရစ်တော်လို ရှင်ပြန်ထမြောက်လာမှာ သေချာတယ်။+ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကြတယ်။ ၆  အပြစ်ရှိတဲ့ခန္ဓာကိုယ်ရဲ့ ထိန်းချုပ်မှု မခံရတော့အောင်၊+ အပြစ်ရဲ့ကျေးကျွန် မဖြစ်တော့အောင်+ ကိုယ့်ရဲ့ ပင်ကိုစရိုက်ဟောင်းကို ခရစ်တော်နဲ့အတူ သစ်တိုင်မှာ ရိုက်ထားလိုက်ပြီဆိုတာ+ ကျွန်တော်တို့ သိပါတယ်။ ၇  လူတစ်ယောက် သေဆုံးပြီဆိုရင်  အပြစ်ရဲ့လက်အောက်ကနေ လွတ်မြောက်သွားပြီ။ ၈  အဲဒီအပြင် ခရစ်တော်နဲ့အတူ သေဆုံးပြီဆိုရင် ခရစ်တော်နဲ့အတူ အသက်ရှင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်။ ၉  သေရာကနေ အသက်ပြန်ရှင်လာတဲ့ ခရစ်တော်ဟာ+ ဘယ်တော့မှ မသေရတော့ဘူးဆိုတာ+ ကျွန်တော်တို့ သိပါတယ်။ သေခြင်းက သူ့ကို သခင်တစ်ယောက်လို  မကြီးစိုးတော့ဘူး။ ၁၀  ခရစ်တော်က အသေခံတဲ့အခါ အပြစ်ကို ဖယ်ရှားဖို့ တစ်ကြိမ်တည်းအပြီး  အသေခံခဲ့တယ်။+  အသက်ရှင်တဲ့အခါ  ဘုရားသခင်အလိုတော် ဆောင်ဖို့ပဲ အသက်ရှင်လာတယ်။ ၁၁  အလားတူ၊ ခင်ဗျားတို့လည်း အပြစ်လမ်းစဉ်မှာ သေဆုံးခဲ့ပြီ၊ ဘုရားသခင်အလိုတော် ဆောင်ဖို့ ခရစ်တော်ယေရှုအားဖြင့် အသက်ရှင်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် ယူမှတ်ကြပါ။+ ၁၂  ဒါကြောင့် သေတတ်တဲ့ ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒနောက်ကို လိုက်ပြီး အပြစ်ကို ဘုရင်တစ်ပါးလို စိုးမိုးခွင့်မပြုပါနဲ့။+ ၁၃  ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ကို မတရားမှုရဲ့ လက်နက်အဖြစ် အပြစ်ဆီ မဆက်သပါနဲ့တော့။ အဲဒီအစား သေရာကနေ အသက်ပြန်ရှင်လာသူတွေအဖြစ် ဘုရားသခင်ဆီ ကိုယ့်ကိုယ်ကိုယ် ဆက်သပါ။ ခန္ဓာကိုယ်ကိုလည်း ဖြောင့်မတ်ခြင်းရဲ့ လက်နက်အဖြစ် ဘုရားသခင်ဆီ ဆက်သပါ။+ ၁၄  ခင်ဗျားတို့ဟာ ပညတ်အောက်မှာ မရှိတော့ဘဲ+ မဟာကရုဏာတော်အောက်မှာ  ရှိနေတဲ့အတွက်+ အပြစ်ကို သခင်တစ်ယောက်လို ကြီးစိုးခွင့် မပြုပါနဲ့တော့။ ၁၅  အဲဒီတော့ ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့က ပညတ်အောက်မှာ မရှိတော့ဘဲ မဟာကရုဏာတော်အောက်မှာ ရှိနေပြီဆိုတိုင်း အပြစ်ကျူးလွန်ရမှာလား။+  လုံးဝ  မဟုတ်ပါဘူး။ ၁၆  သေခြင်းကို ဦးတည်တဲ့+ အပြစ်ဆီ+ ဒါမှမဟုတ်  ဖြောင့်မတ်ခြင်းကို  ဦးတည်တဲ့  နာခံခြင်းဆီ  ကျွန်တစ်ယောက်အဖြစ် နာခံဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်သလိုက်ပြီဆိုရင် အဲဒီအရာရဲ့ ကျွန်ဖြစ်သွားပြီဆိုတာ+ မသိကြဘူးလား။ ၁၇  ခင်ဗျားတို့ဟာ အပြစ်ရဲ့ကျွန် ဖြစ်ခဲ့ဖူးပေမဲ့ ရရှိတဲ့သွန်သင်ချက်ကို  စိတ်ရောကိုယ်ပါ  နာခံတဲ့အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော် ကြီးလှပါတယ်။ ၁၈  ခင်ဗျားတို့ဟာ အပြစ်ရဲ့လက်ကနေ  လွတ်မြောက်ပြီဖြစ်လို့+ ဖြောင့်မတ်ခြင်းရဲ့ကျွန်တွေ ဖြစ်လာကြပြီ။+ ၁၉  အပြစ်ကြောင့် ခင်ဗျားတို့ အားနည်းနေလို့ လူတွေနားလည်တဲ့ စကားလုံးတွေသုံးပြီး ကျွန်တော်ပြောနေတာ။ အရင်တုန်းက ခန္ဓာကိုယ်ကို ညစ်ညူးခြင်းနဲ့ တရားမဲ့ခြင်းရဲ့ ကျွန်အဖြစ် ဆက်သပြီး တရားမဲ့ခဲ့သလို အခု ဖြောင့်မတ်ခြင်းရဲ့ ကျွန်အဖြစ် ခန္ဓာကိုယ်ကို ဆက်သပြီး သန့်ရှင်းတဲ့အဖြစ်ကို ရောက်ကြပါ။+ ၂၀  ဘာလို့လဲဆိုတော့ ခင်ဗျားတို့ အပြစ်ရဲ့ကျွန်ဖြစ်တုန်းက ဖြောင့်မတ်ရာကို လုပ်ဆောင်ရမယ့်တာဝန် မရှိခဲ့လို့ပဲ။ ၂၁  အဲဒီတုန်းက ဘယ်လိုလုပ်ရပ်တွေ ခင်ဗျားတို့ လုပ်ခဲ့သလဲ။ အခုအချိန်မှာ အဲဒီလုပ်ရပ်တွေဟာ ရှက်စရာပဲ။ အဲဒီလုပ်ရပ်တွေရဲ့ လမ်းဆုံးဟာ သေခြင်းပဲ။+ ၂၂  အခုတော့ ခင်ဗျားတို့ဟာ အပြစ်ရဲ့လက်အောက်ကနေ  လွတ်မြောက်ပြီး  ဘုရားသခင်ရဲ့ကျွန်တွေ ဖြစ်လာပြီဆိုတော့  သန့်ရှင်းခြင်းနဲ့ဆိုင်တဲ့ လုပ်ရပ်တွေ လုပ်နေကြပြီ။+ အဆုံးမှာ ထာဝရအသက် ရလိမ့်မယ်။+ ၂၃  အပြစ်ကပေးတဲ့ အခဟာ သေခြင်းပဲ။+ ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးကတော့ သခင်ခရစ်တော် ယေရှုအားဖြင့်+ ထာဝရအသက်ပဲ။+

အောက်ခြေမှတ်ချက်များ