ဗြိတိန် ဓာတ်ပုံပြခန်း ၇ (၂၀၁၈ စက်တင်ဘာ-၂၀၁၉ ဖေဖော်ဝါရီ)
၂၀၁၈ စက်တင်ဘာလကနေ ၂၀၁၉ ဖေဖော်ဝါရီလအတွင်း ယေဟောဝါသက်သေများရဲ့ ဗြိတိန် ဌာနခွဲရုံးသစ် ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်မှုကို ဒီဓာတ်ပုံပြခန်းမှာ ကြည့်ပါ။
စက်တင်ဘာ ၂၅၊ ၂၀၁၈—လူနေဆောင် A
အဆောက်အအုံ အပြင်ဘက်အလုပ်၊ စက်ကိုင်အဖွဲ့သားတွေက မြေတူးစက်နှစ်ခုကိုသုံးပြီး အဓိကရေပိုက်လိုင်းကို နေရာချနေကြစဉ်။ အနောက်ဘက်မှာ ရုံးခန်းအဆောက်အအုံကို တွေ့နိုင်ပါတယ်။
စက်တင်ဘာ ၂၆၊ ၂၀၁၈—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ
လုပ်သားတွေ အဆောက်အအုံ မျက်နှာစာကို တပ်ဆင်နေကြစဉ်။ အဆောက်အအုံမှာ သုံးထားတဲ့အရောင်နဲ့ ပုံစံက ပတ်ဝန်းကျင် အနေအထားတဲ့ လိုက်ဖက်မှုရှိတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။
စက်တင်ဘာ ၂၇၊ ၂၀၁၈—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ
ကွန်ကရစ်လောင်းပြီးနောက် မျက်နှာပြင်ညှိစက်နဲ့ မျက်နှာပြင် ချောမွတ်အောင်၊ အရောင်လှအောင်၊ ကြာရှည်ခံအောင် လုပ်သားတွေ လုပ်ဆောင်နေကြစဉ်။
အောက်တိုဘာ ၄၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ
အရှေ့မြောက်ဘက်ကနေ အပေါ်စီးမြင်ကွင်း။ အရှေ့ပိုင်းပုံက ပင်မဧည့်ခန်း ကားရပ်နားရာနေရာလုပ်မယ့် မြေပြင်ကို အဆောက်အအုံ အပြင်ဘက်အလုပ် အဖွဲ့သားတွေ ရှင်းလင်းပြင်ဆင်နေတဲ့ပုံ ဖြစ်တယ်။ သံမဏိဘောင်တွေ တပ်ဆင်ထားတဲ့ ဧည့်ခန်းဆောင်နဲ့ ဘယ်ဘက်က ရုံးခန်းအဆောက်အအုံ နှစ်ခုကို ဆက်သွယ်တဲ့အလုပ် ပြီးစီးသွားပါပြီ။ အနောက်ဘက်မှာ မြောက်ဘက်နဲ့ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံကို တွေ့နိုင်ပါတယ်။
အောက်တိုဘာ ၁၀၊ ၂၀၁၈—ဌာနခွဲ လုပ်ငန်းခွင်
လူနေဆောင် A အနီးမှာ မြေတိုင်းတဲ့ ညီအစ်မက ဥယျာဉ်ခင်းကျင်းတဲ့ အဖွဲ့သားတွေအတွက် မြေမျက်နှာသွင်ပြင်ကို စစ်ဆေးပေး၊ မှတ်တမ်းလုပ်ပေးနေစဉ်။ ဥယျာဉ်ခင်းကျင်းတဲ့ အလုပ်ကို စီမံကိန်းအစကတည်းက လုပ်ထားတဲ့အတွက် ဆောက်လုပ်ရေးပြီးစီးသွားချိန်မှာ သစ်ပင် ပန်းမန်တွေလည်း ပွင့်လန်းဝေဆာနေပါလိမ့်မယ်။
အောက်တိုဘာ ၃၁၊ ၂၀၁၈—လူနေဆောင် F
ကားရပ်နားမယ့်နေရာ ကြမ်းပြင်ကို ညီအစ်ကိုနဲ့ ညီအစ်မ ဆေးသုတ်နေကြစဉ်။ ညီအစ်မက ခြေရာထင်ကျန်ရစ်ခြင်း မရှိတဲ့ ဖိနပ်ကို စီးထားပါတယ်။ ကြမ်းပြင်ကို သုတ်တဲ့ဆေးက အကြမ်းပတမ်းခံတဲ့အပြင် ဆီအစွန်းအကွက်တွေ မဖြစ်စေပါဘူး။ ကားတွေထားမယ့်နေရာအတွက် အကောင်းဆုံး သုတ်ဆေးဖြစ်ပါတယ်။
နိုဝင်ဘာ ၆၊ ၂၀၁၈—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ
ပိုက်တပ်ဆင်သူတွေက အလုပ်ဧရိယာအကျယ်ကြီးမှာ တပ်ဆင်မယ့် အပူပေးပိုက်လိုင်းတွေ ချိတ်ဆွဲဖို့ သံကြိုးတွေကို တိုင်းတာပြီး ဖြတ်တောက်နေစဉ်။
နိုဝင်ဘာ ၆၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ
ရုံးခန်းအဆောက်အအုံ အတွင်းပိုင်းကို လုပ်သားတွေ အောက်ခံဆေး သုတ်နေကြစဉ်။ ရုံးခန်းတစ်ခုစီအတွက် တပ်ဆင်ထားတဲ့ လေပူ၊ လေအေး၊ လေသန့်ပိုက်လိုင်းတွေ ဆေးမစွန်းအောင် အနက်ရောက် ပလတ်စတစ်တွေနဲ့ အုပ်ထားပါတယ်။
နိုဝင်ဘာ ၈၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ
ဧည့်ကြိုဌာန တည်ရှိမယ့်နေရာ အပေါ်ဘက်ကို လုပ်သားတွေ စတီးဘောင်တွေ တပ်ဆင်နေကြစဉ်။
ဒီဇင်ဘာ ၇၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ
လုပ်သားတွေဟာ လေစုပ်အားနဲ့သယ်တဲ့ ဝန်ချီစက်ငယ်ကိုသုံးပြီး ထမင်းစားခန်းနဲ့ အစည်းအဝေးခန်းမ အပြင်ဘက်ကို မှန်ချပ်တွေ တပ်ဆင်နေကြစဉ်။
ဒီဇင်ဘာ ၁၀၊ ၂၀၁၈—ရုံးခန်း အဆောက်အအုံ
လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်သားတွေက ကွန်ပျူတာ ဒေတာကြိုးတွေမှာ ပလတ်ခေါင်းတွေ တပ်ဆင်နေစဉ်။ ရုံးခန်းအဆောက်အအုံ အလွှာလေးလွှာစလုံးကို အဆင့်တွေလုပ်ပြီး ကြမ်းခင်းထားပါတယ်။ အဲဒီ ကြမ်းပြင်တွေအောက်မှာ ၃၁ မိုင် (၅၀ ကီလီမီတာ) နီးပါးရှိတဲ့ ဒေတာကြိုးတွေကို တပ်ဆင်ထားပါတယ်။ အဆင့်တွေလုပ်ပြီး ကြမ်းခင်းလုပ်ထားတဲ့အတွက် နောက်နောင် ရုံးခန်းတွေ ဖွဲ့တဲ့အခါ အလုပ်သိပ်မရှုပ်တော့ဘူး။
ဒီဇင်ဘာ ၂၆၊ ၂၀၁၈—လူနေဆောင် A
လုပ်သားတစ်ဦး ငြမ်းပေါ်ကနေ ပြုတ်ကျသွားပြီး အသက်ကယ်ကြိုးနဲ့ တွဲလောင်းဖြစ်နေတာကို ဘယ်လိုကယ်ထုတ်မယ်ဆိုတာ အရေးပေါ်အဖွဲ့လုပ်သားတွေ အစမ်း လေ့ကျင့်နေကြစဉ်။
ဇန်နဝါရီ ၈၊ ၂၀၁၉—ရုံးခန်း အဆောက်အအုံ
အဆောက်အအုံ အပြင်ဘက်အလုပ် အဖွဲ့သားတစ်ယောက်က လူသွားလမ်း မခင်းခင် သတ်မှတ်ထားတဲ့ အမြင့်အနေအထားဖြစ်ဖို့ ပြင်ဆင်နေစဉ်။ လူသွားလမ်းတစ်လျှောက်မှာ ဒေသခံအပင် (hornbeam) တွေစိုက်ဖို့ မြေတူးစက်ငယ်နဲ့ ကျင်းတွေ တူးထားပါတယ်။
ဇန်နဝါရီ ၉၊ ၂၀၁၉—ထုတ်လုပ်ရေး အဆောက်အအုံများ
အပေါ်စီးမြင်ကွင်း။ နေရောင်ခြည်ကနေ လျှပ်စစ်ဓာတ် ထုတ်လုပ်ဖို့ ရုံးခန်းအဆောက်အအုံ အပါအဝင် ထုတ်လုပ်ရေး အဆောက်အအုံ နှစ်ခုစလုံးရဲ့ ခေါင်မိုးမှာ ဆိုလာပြားတွေ ထပ်ဆင်ထားပါတယ်။
ဇန်နဝါရီ ၁၇၊ ၂၀၁၉—ရုံးခန်း အဆောက်အအုံ
အချောသတ်အဖွဲ့ လုပ်သားတစ်ယောက်က တတိယထပ် ဧည့်ခန်းမှာ ကြွေပြားတွေ တပ်ဆင်နေစဉ်။ ကြွေပြားတွေအောက်မှာ ခင်းထားတဲ့ လိမ္မော်ရောင် အလွာက ကြွေးပြားတွေနဲ့ အောက်ခံအလွာကို ခွဲခြားထားပေးပြီး တကယ်လို့ အောက်ခံအလွာ ရွေ့သွားတဲ့အခါ အက်ကွဲခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။
ဇန်နဝါရီ ၂၁၊ ၂၀၁၉—ပင်မ ပံ့ပိုးရေး လုပ်ငန်းခွင်
ယာယီထမင်းစားခန်းမှာ လုပ်သားတွေဟာ နေ့လယ်စာယူပြီး စားသောက်နေကြစဉ်။ ဒီထမင်းစားခန်းမှာ သုံးဆိုင်းခွဲပြီး ကျွေးတဲ့အတွက် နေ့တိုင်း လူတစ်ထောင်နီးပါးစာ အစားအသောက် ပြင်ဆင်ပေးရတယ်။
ဇန်နဝါရီ ၃၀၊ ၂၀၁၉—ရုံးခန်း အဆောက်အအုံ
ရုံးခန်းအဆောက်အအုံ အနောက်ဘက်က ပစ္စည်းတွေကို အမှိုက်ကားနဲ့ ရွှေ့နေစဉ်။ ညာဘက်က ထမင်းစားခန်းနဲ့ အစည်းအဝေးခန်းမစင်္ကြံမှာ ဆောင်းရာသီ အလင်းရစေဖို့ လေ၊ အလင်းဝင်နိုင်အောင် ဖွင့်နိုင်ပိတ်နိုင်တဲ့ တရုတ်ကတ်မှန်တွေ တပ်ဆင်ထားပါတယ်။
ဇန်နဝါရီ ၃၀၊ ၂၀၁၉—ရုံးခန်း အဆောက်အုံ
အချောသတ်အဖွဲ့ရဲ့ ကော်ဇောခင်းတဲ့အလုပ်ကို နေ့ပိုင်းလုပ်အားပေးအစီအစဉ်က လုပ်သားနှစ်ယောက် ကူညီပေးနေစဉ်။ အဲဒီအစီအစဉ်ကတစ်ဆင့် ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတစ်ဝှမ်းက ယေဟောဝါသက်သေ အသင်းတော်တွေကို တစ်ရက် စေတနာ့ဝန်ထမ်း ကူညီပေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဒီနည်းနဲ့ လာရောက်ကူညီပေးသူ ၅,၅၀၀ ကျော်ရှိတယ်။
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ
အဆောက်အအုံအလယ် အခန်းကန့်လိုက်တဲ့ နံရံမြင့်ကြီးကို လုပ်သားတွေ တည်ဆောက်နေကြစဉ်။ ကြမ်းပြင်မှာချထားတဲ့ လိမ္မော်ရောင် အဆီးအတားတွေက နှိမ့်နိုင်မြှင့်နိုင်တဲ့ ဆစ်ဆာလစ်စက်တွေ အလုပ်လုပ်တဲ့အခါ ဘေးကင်းစေဖို့ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉—ရုံးခန်း အဆောက်အအုံ
ဧည့်ကြိုဌာနနေရာမှာ အဆင့်တွေလုပ်ပြီး ကြမ်းပြင်တပ်ဆင်မယ့်နေရာကို လုပ်သားတွေ သန့်ရှင်းရေး လုပ်နေကြစဉ်။