မာတိကာဆီ ကျော်သွား

၂၀၂၄ ခုနှစ်၊ မေ ၈ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ကင်ညာနဲ့ တန်ဇန်းနီးယားမှာ မိုးသည်းထန်လို့ ရေလွှမ်းမိုး

ကင်ညာနဲ့ တန်ဇန်းနီးယားမှာ မိုးသည်းထန်လို့ ရေလွှမ်းမိုး

၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ကင်ညာနဲ့ တန်ဇန်းနီးယားမှာ မိုးသည်းထန်လို့ ရေလွှမ်းမိုးခဲ့တယ်။ ကင်ညာမှာ လူ ၁၈၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး လူ ၂၀၀ လောက် အသက်ဆုံးရှုံးခဲ့တယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တန်ဇန်းနီးယားမှာ လူပေါင်း ၂၀၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာခဲ့ရပြီး ခန့်မှန်းခြေ ၂၀၀ နီးပါး သေဆုံးတယ်။ လာမယ့် သီတင်းပတ်တွေမှာ ထပ်ပြီး မိုးသည်းထန်နိုင်ပါတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ဝမ်းနည်းစရာက ညီအစ်မ ၁ ယောက်နဲ့ သမီးဖြစ်သူ သေဆုံး

  • ကြေညာသူ ၅၉ ယောက် အိုးအိမ်စွန့်ခွာခဲ့ရ

  • အိမ် ၁၄ လုံး ပျက်စီး

  • အစည်းအဝေးခန်းမ ၃ လုံးနဲ့ သင်တန်းကျောင်းခန်းမ ၁ လုံး ပျက်စီး

ကယ်ဆယ်ရေး လုပ်ငန်း

  • ရေဘေးသင့်သူတွေကို တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံအကြီးအကဲတွေက ကျမ်းစာနဲ့အားပေးပြီး လိုအပ်ရာတွေ ကူညီပေးနေ

ဒီသဘာဝဘေးကြောင့် ထိခိုက်ခဲ့တဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ ခက်ခဲတဲ့အခြေအနေမှာ အသက်ရှင်နေရပေမဲ့ မကြာခင် “ဘာကိုမှ ကြောက်ရမှာ မဟုတ်ဘူး။ ကြောက်စရာအကြောင်း လုံးဝရှိမှာ မဟုတ်ဘူး” ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဟေရှာယ ၅၄:၁၄