ဒီဇင်ဘာ ၂၂၊ ၂၀၂၁
ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်တဲ့ တိုင်ဖွန်း ရိုင်ကြောင့် အပျက်အစီး များပြား
၂၀၂၁၊ ဒီဇင်ဘာ ၁၆-၁၈ အထိ ဖိလစ်ပိုင် ကုန်းတွင်းပိုင်းမှာ တိုင်ဖွန်း ရိုင် (ဒေသအခေါ် အိုဒက်တေး) တိုက်ခတ်ခဲ့တယ်။ ဖိလစ်ပိုင်၊ ဆိုင်အာဂိုကျွန်းကို မုန်တိုင်း တိုက်ခတ်သွားချိန်မှာ လေတိုက်နှုန်း တစ်နာရီကို ၁၉၅ ကီလိုမီတာ ရှိတယ်။ မင်ဒါနာအိုကျွန်း မြောက်ပိုင်းဒေသ၊ လူဇုန်ကျွန်း တောင်ပိုင်းဒေသ၊ ဗီဆာယက်ဒေသတို့မှာ အပျက်အစီး များပြားခဲ့တယ်။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ဝမ်းနည်းစရာက ကြေညာသူ ၄ ဦး သေဆုံးသွားတယ်
ကြေညာသူ ၁ ဦး ပျောက်ဆုံးနေတယ်
ညီအစ်ကို/မ ၁၂ ဦး ထိခိုက်ဒဏ်ရာရတယ်
ကြေညာသူ ၂,၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာဆီ ပြောင်းရွှေ့ရတယ်
အိမ် ၂၄၆ လုံး ပျက်စီးသွားတယ်
အိမ် ၃၂၇ လုံး အတော်လေး ပျက်စီးသွားတယ်
အိမ် ၁,၁၇၄ လုံး အနည်းငယ် ပျက်စီးသွားတယ်
ဝတ်ပြုရာခန်းမ ၄၃ လုံး အနည်းငယ် ပျက်စီးသွားတယ်
ကယ်ဆယ်ရေး လုပ်ဆောင်မှုများ
ကယ်ဆယ်ရေး ကော်မတီ ၆ ခု ဖွဲ့ပြီး ကူညီလုပ်ဆောင်နေပါတယ်
ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရသူတွေ၊ မုန်တိုင်းသင့် ညီအစ်ကို/မတွေကို ဒေသခံ အကြီးအကဲတွေ အားပေးနှစ်သိမ့်နေကြတယ်
ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုဗစ် ၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်
ဘေးကင်းဒေသမှာ နေထိုင်တဲ့ ညီအစ်ကို/မတွေဟာ အကြီးအကဲတွေ ညွှန်ကြားချက်နဲ့အညီ မုန်တိုင်းသင့် ကြေညာသူတွေအတွက် အဝတ်အထည်၊ အစားအစာတွေ လှူကြတယ်။ ဒဗာအိုမြို့ကနေ အစားအစာထုပ်တွေကို ဆူရီဂါအိုမြို့က အကူအညီ လိုအပ်နေတဲ့ မိသားစုတွေဆီ ချက်ချင်း ပို့ပေးကြတယ်။
မုန်တိုင်းကြောင့် ညီအစ်ကို/မတချို့ သေဆုံးခဲ့ရတဲ့အတွက် အလွန် ဝမ်းနည်းရပါတယ်။ အခုလို “ခက်ခဲကျပ်တည်းတဲ့ကာလ” မှာ နှစ်သိမ့်မှုနဲ့ ခွန်အား ရရှိဖို့ ယေဟောဝါဘုရားကို ဆက်အားထားနေကြပါတယ်။—၂ တိမောသေ ၃:၁။