မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်
ရိုမေးနီးယား

ဥရောပတစ်ခွင်က ရိုမန်နီ (ရိုမေးနီးယား) စကားပြော ယေဟောဝါသက်သေတွေ ဦးဆုံးအကြိမ် လူကိုယ်တိုင်တက်ရောက်တဲ့ ခရိုင်အစည်းအဝေး

ဥရောပတစ်ခွင်က ရိုမန်နီ (ရိုမေးနီးယား) စကားပြော ယေဟောဝါသက်သေတွေ ဦးဆုံးအကြိမ် လူကိုယ်တိုင်တက်ရောက်တဲ့ ခရိုင်အစည်းအဝေး

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ကနေ ၃ ရက်အထိ ကျင်းပတဲ့ “စိတ်ရှည်ကြပါ” ၂၀၂၃ ခရိုင်အစည်းအဝေးကို တက်ရောက်ဖို့ ရိုမေးနီးယားနိုင်ငံ၊ တာဒါမြို့က စည်းဝေးပွဲခန်းမကို ရိုမန်နီ (ရိုမေးနီးယား) စကားပြော ညီအစ်ကို/မတွေ စုဝေးရောက်ရှိလာကြတယ်။ တခြားရိုမန်နီစကားတွေနဲ့ ခရိုင်အစည်းအဝေးတွေ ကျင်းပပြီးဖြစ်ပေမဲ့ ဒါကတော့ ရိုမန်နီ (ရိုမေးနီးယား) စကားနဲ့ လူကိုယ်တိုင်တက်ရောက်ကြတဲ့ ဦးဆုံးခရိုင်အစည်းအဝေးပါ။ စုစုပေါင်း ၁,၃၅၃ ယောက် တက်ရောက်ပြီး ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ အီတလီ၊ မော်လ်ဒိုဗာ၊ ရိုမေးနီးယားကနေ လာကြတာ။ အစည်းအဝေးကြီးမှာ နှစ်ဆယ့်ခြောက်ယောက် နှစ်ခြင်းခံခဲ့တယ်။

ခရိုင်အစည်းအဝေးရဲ့ နောက်ဆုံးဟောပြောချက်ပေးနေတဲ့ ညီအစ်ကို ဂေ့ချ် ဖလီဂါလ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂေ့ချ် ဖလီဂါလ်က ခရိုင်အစည်းအဝေး သုံးရက်စလုံးမှာ နောက်ဆုံးဟောပြောချက်တွေ ပေးခဲ့တယ်။ ဒီနေ့အချိန်မှာ ဘုရားလူမျိုးပဲ ခံစားနိုင်တဲ့ အထူးစည်းလုံးမှုအကြောင်း သူအလေးပေး ဟောပြောခဲ့ပြီး ယေဟောဝါကို စည်းလုံးစွာ၊ စိတ်ရှည်စွာ ဆက်ဝတ်ပြုသွားဖို့ တက်ရောက်သူတွေကို အားပေးတယ်။ ရိုမေးနီးယားစကား၊ ရိုမေးနီးယား လက်သင်္ကေတပြ စကားနဲ့ တခြားနေရာနှစ်ခုမှာ ခရိုင်အစည်းအဝေး တက်ရောက်နေတဲ့ ပရိသတ် ၉၀၀ နီးပါးလည်း ညီအစ်ကို ဖလီဂါလ်ရဲ့ နောက်ဆုံးဟောပြောချက်ကို သုံးရက်စလုံး ဗီဒီယိုချိတ်ဆက် ကြည့်ရှုခဲ့ကြတယ်။

ရိုမေးနီးယားနိုင်ငံ၊ တာဒါမြို့က စည်းဝေးပွဲခန်းမမှာ တစ်ဦးနဲ့တစ်ဦး လှိုက်လှဲစွာ နှုတ်ဆက်နေတဲ့ ရိုမန်နီ (ရိုမေးနီးယား) စကားပြော ညီအစ်ကိုတွေ

ရိုမန်နီ (ရိုမေးနီးယား) စကားပြော ညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်– “ဒီအစည်းအဝေးကြီးကို တစ်သက်လုံး အမှတ်ရနေမှာ။ ကိုယ်ပိုင်ဘာသာစကားနဲ့ ခရိုင်အစည်းအဝေးကို တက်ရောက်ရတာ ယေဟောဝါဆီက အထူးကောင်းချီးပါပဲ။” ရိုမန်နီ (ရိုမေးနီးယား) စကားပြော တိုက်နယ်ကြီးကြပ်မှူး ညီအစ်ကို အီရာကလစ် အစ်ဇာကရာ ဒီလိုပြောတယ်– “ဒီအစည်းအဝေးကြီးကို လာတက်တဲ့ ရိုမန်နီ (ရိုမေးနီးယား) စကားပြောသူတွေ ရင်ထဲ တော်တော်ထိသွားမှာ။ ဘုရားသခင်က လူအားလုံးကို ဘယ်လောက်တောင် ဂရုစိုက်သလဲဆိုတာ ပိုသဘောပေါက်လာတယ်။ ဒီအစည်းအဝေးကြီးဟာ ယေဟောဝါဆီက သိပ်ကောင်းမြတ်တဲ့ လက်ဆောင်ပါပဲ။”

ယေဟောဝါကို ချီးမွမ်းဖို့၊ ယေဟောဝါ သွန်သင်ပေးတာကို နာယူဖို့ ဒီခရိုင်အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရိုမန်နီ (ရိုမေးနီးယား) စကားပြော ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။—ဆာလံ ၂၆:၁၂