မာတိကာဆီ ကျော်သွား

ညီအစ်ကို ယေ့ဂျနီ စပရင်းနဲ့ ဇနီး နာတာလီယာ

အောက်တိုဘာ ၁၄၊ ၂၀၂၀
ရုရှား

ညီအစ်ကို စပရင်းကို အပြစ်ရှိကြောင်း စီရင်ပြီး ဒဏ်ငွေတပ်ခြင်းကို ရုရှားအယူခံရုံးက ထောက်ခံ

ညီအစ်ကို စပရင်းကို အပြစ်ရှိကြောင်း စီရင်ပြီး ဒဏ်ငွေတပ်ခြင်းကို ရုရှားအယူခံရုံးက ထောက်ခံ

၂၀၂၀၊ အောက်တိုဘာ ၁၄ ရက်မှာ အိုင်ဗန်နိုပြည်နယ် တရားရုံးက ၂၀၂၀၊ ဇူလိုင်လတုန်းက ညီအစ်ကို ယေ့ဂျနီ စပရင်းကို အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ဒဏ်ငွေတပ်ခဲ့ခြင်းကို အတည်ပြုထောက်ခံလိုက်ပါတယ်။ ညီအစ်ကို စပရင်းရဲ့အမှုကို ပြန်လည်ကြားနာဖို့ အစိုးရရှေ့နေရဲ့ တောင်းဆိုချက်ကို ပြည်နယ်အယူခံရုံးက ပယ်ချလိုက်တယ်။ ဒီနောက်ဆုံးစီရင်ချက်အတွက် အစိုးရရှေ့နေက အယူခံဝင်ဖွယ် ရှိတယ်။ အကြောင်းကတော့ မူလ တောင်းဆိုချက်အတိုင်း ထောင်ဒဏ် ခုနစ်နှစ် ကျခံစေဖို့ ဖြစ်တယ်။