မာတိကာဆီ ကျော်သွား

ညီအစ်ကိုနဲ့ ညီအစ်မ အောနေဇချု့ခ်တို့ ပြန်လည်ဆုံစည်းခွင့်ရပြီးနောက် ကီရို့ဗ် ခရိုင်တရားရုံး စင်္ကြံမှာ တွေ့ရစဉ်

စက်တင်ဘာ ၆၊ ၂၀၁၉
ရုရှား

ညီအစ်ကို အန်ဇေ အောနေဇချု့ခ် ၁၁ လကြာ တစ်ကိုယ်တည်း တိုက်ပိတ်ခံရပြီးနောက် ထောင်ကနေ လွတ်လာ

ညီအစ်ကို အန်ဇေ အောနေဇချု့ခ် ၁၁ လကြာ တစ်ကိုယ်တည်း တိုက်ပိတ်ခံရပြီးနောက် ထောင်ကနေ လွတ်လာ

၂၀၁၉၊ စက်တင်ဘာ ၃ ရက်နေ့မှာ ညီအစ်ကို အန်ဇေ အောနေဇချု့ခ် ရုရှားအကျဉ်းထောင်ကနေ လွတ်လာပါတယ်။ ယုံကြည်ခြင်းအတိုင်း ကျင့်သုံးရုံနဲ့ ၂၀၁၈၊ အောက်တိုဘာ ၉ ရက်နေ့ကတည်းက အကျဉ်းကျနေတာဖြစ်တယ်။ ထောင်ကျနေချိန်အတွင်း တစ်ကိုယ်တည်း တိုက်ပိတ်ခံရပြီး ဇနီးဖြစ်သူ အန်နာနဲ့ တွေ့ခွင့်၊ စကားပြောခွင့် မရခဲ့ဘူး။ အိမ်ပြန်ခွင့်ရပြီဖြစ်ပေမဲ့ လုပ်ဆောင်မှုတွေ ကန့်သတ်ခံနေရဆဲဖြစ်ပြီး ခရီးဝေးသွားခွင့်လည်း မရှိဘူး။ ရာဇဝတ်မှုအဖြစ် တရားစွဲဆိုခံနေရဆဲဖြစ်တယ်။

ဒီခက်ခဲချိန်တစ်လျှောက် ညီအစ်ကို အန်ဇေ အောနေဇချု့ခ်တို့ ဇနီးမောင်နှံ ဆက်ပြီးယုံကြည်ခြင်း ခိုင်ခံ့ခဲ့ကြတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ “အကျဉ်းကျနေ” သူတွေအတွက် ဆုတောင်းပေးတာတွေကို ယေဟောဝါ နားထောင်ဖြေကြားပေးတဲ့အတွက် ကျွန်တော်တို့ ကျေးဇူးတင်တယ်။—ကောလောသဲ ၄:၂၊ ၃