မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ မေ ၂၅ ရက်မှာ ဒဲနစ္စ ခရစ်တန်ဆန်ကို ကိုပင်ဟေဂင် ခဲစ်ထရွပ် လေဆိပ်မှာ ဖခင်နဲ့ ညီမ ကြိုဆိုနေကြစဉ်

၂၀၂၂ ခုနှစ်၊ မေ ၂၅ ရက်
ရုရှား

ဒဲနစ္စ ခရစ်တန်ဆန် လွတ်လာပြီး ပြည်နှင်ဒဏ် ပေးခံရ

ဒဲနစ္စ ခရစ်တန်ဆန် လွတ်လာပြီး ပြည်နှင်ဒဏ် ပေးခံရ

၂၀၂၂ ခုနှစ်၊ မေ ၂၄ ရက်မှာ ရုရှားနိုင်ငံ၊ အယ်လ်ဂွပ်အကျဉ်းထောင် အမှတ် ၃ ကနေ ဒဲနစ္စ လွတ်လာမှာကို အီရီနာ ခရစ်တန်ဆန် စောင့်ကြိုနေ

၂၀၂၂ ခုနှစ်၊ မေ ၂၅ ရက်မှာ ဒဲနစ္စ ခရစ်တန်ဆန်ဟာ ဒိန်းမတ်ကို ဘေးကင်းစွာ ပြန်ရောက်လာပါပြီ။ မေ ၂၄ ရက်မှာ ရုရှားအကျဉ်းထောင်ကနေ လွတ်လာပြီး ချက်ချင်းပဲ ပြည်နှင်ဒဏ် ပေးခံရတယ်။ သူဟာ အချုပ်ထောင် အမျိုးမျိုးမှာ စုစုပေါင်း ငါးနှစ် နေခဲ့ရတယ်။

ဒဲနစ္စက “ကျွန်တော် ထောင်က လွတ်ပြီး ချစ်ဇနီး အီရီနာနဲ့ ပြန်ဆုံစည်းနိုင်လို့ သိပ်ဝမ်းသာတယ်” လို့ပြောတယ်။ “ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းဆီကရတဲ့ အားပေးထောက်မမှုဟာ ယေဟောဝါဆီက ဆုကျေးဇူးပါ။ ယုံကြည်ခြင်းကြောင့် ထောင်ကျပြီး နှိပ်စက်ညှဉ်းပန်းခံနေရတဲ့၊ ရဲရင့်တဲ့ ညီအစ်ကို/မ တွေအတွက် ကျွန်တော် ဆက်ပြီး ဆုတောင်းပေးနေပါတယ်။”

မော်စကို ဒိုမောဒ်ဒီဒိုဗာ လေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ ဒဲနစ္စနဲ့ အီရီနာ စာရင်းသွင်းနေ

မိတ်ဆွေတွေနဲ့ မိသားစုက ဒဲနစ္စနဲ့ အီရီနာကို ကျမ်းစာနဲ့ အားပေးကြတယ်၊ ရုပ်ပစ္စည်းပိုင်း ကူညီပေးကြတယ်။ “ဒိန်းမတ်က ညီအစ်ကို/မတွေနဲ့ အတူ ယေဟောဝါဘုရားကို လွတ်လွတ်လပ်လပ် ဝတ်ပြုသွားဖို့ စိတ်စောနေပါတယ်” လို့ သူတို့ပြောကြတယ်။

၂၀၁၇ ခုနှစ်၊ မေ ၂၅ ရက်မှာ အိုရွိုလ်အသင်းတော် အစည်းအဝေးကျင်းပနေတုန်း မျက်နှာဖုံးတပ်ထားတဲ့ လက်နက်ကိုင် ရုရှားအာဏာပိုင်တွေက ဒဲနစ္စကို ဖမ်းလိုက်တယ်။ အစွန်းရောက်ဘာသာရေးအဖွဲ့အစည်းလို့ အစောပိုင်း တစ်လလောက်မှာ ရုရှားတရားရုံးချုပ် ကြေညာပြီး ပိတ်ပင်ထားတဲ့ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို စီစဉ်ဖွဲ့စည်းတဲ့ပြစ်မှုနဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတယ်။

ရုရှားအာဏာပိုင်တွေက ၂၀၁၇ ပိတ်ပင်မှုဟာ ယေဟောဝါသက်သေတွေရဲ့ တရားဝင် အသင်းအဖွဲ့တွေကို ပိတ်ပင်တာဖြစ်ပြီး သက်သေခံတစ်ဦးစီရဲ့ ဝတ်ပြုပိုင်ခွင့်ကို မထိခိုက်ကြောင်း ထပ်ခါတလဲ အတည်ပြု ပြောကြားခဲ့တယ်။ ဒါပေမဲ့ ဒဲနစ္စကို ဖမ်းပြီးနောက် ရုရှားနဲ့ ခရိုင်းမီးယား တစ်ခွင်က ယေဟောဝါသက်သေ အတော်များများကို ဖမ်းဆီး၊ ထောင်ချဖို့ အပူတပြင်း ကြိုးပမ်းကြတော့တယ်။

ဒိန်းမတ်ကို သွားဖို့ အစ္စတန်ဘူလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရပ်နားစဉ် ဒဲနစ္စ၊ အီရီနာနဲ့အတူ တူရကီ ညီအစ်ကို နှစ်ယောက် စောင့်ပေး

ဒီနေ့အထိ ညီအစ်ကို/မ ၉၁ ယောက် ထောင်ထဲမှာ ရှိနေကြတုန်းပဲ။ ဒီသစ္စာစောင့်သိသူတွေကို ယေဟောဝါ ဆက်ထောက်မဖို့နဲ့ သူတို့ကို “အရေးတယူ” ဆက်ဆံဖို့ ကျွန်တော်တို့ ဆုတောင်းကြပါတယ်။—ဆာလံ ၄:၃