မာတိကာဆီ ကျော်သွား

ညီအစ်ကို အနာတိုလီ တိုကရိဗ်နဲ့ သား အင်ဒရေ၊ ဇနီး မာဂရီးတာ၊ သမီး ရီကက်သရီနာ

အောက်တိုဘာ ၈၊ ၂၀၂၀
ရုရှား

ရုရှားက ညီအစ်ကို အနာတိုလီ တိုကရိဗ် ထောင်ဒဏ် သုံးနှစ်ခွဲ ကျခံရဖွယ်ရှိ

ရုရှားက ညီအစ်ကို အနာတိုလီ တိုကရိဗ် ထောင်ဒဏ် သုံးနှစ်ခွဲ ကျခံရဖွယ်ရှိ

စီရင်ချက် ချမယ့်အချိန်

၂၀၂၀၊ အောက်တိုဘာ ၂၃ မှာ a ကီရို့ဗ်မြို့၊ အက်ယာဘာစကီ ခရိုင်တရားရုံးက ညီအစ်ကို အနာတိုလီ တိုကရိဗ်ရဲ့အမှုကို စီရင်ချက် ချပါမယ်။ သူဟာ ထောင်ဒဏ် သုံးနှစ်ခွဲ ကျခံရဖွယ် ရှိတယ်။

ကိုယ်ရေးအကျဉ်း

အနာတိုလီ တိုကရိဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၅၈ (ဘရန်နို့ဗ်စကာရာ၊ ကီရို့ဗ်ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ အမေနဲ့ပဲ ကြီးပြင်းလာတယ်။ ဆော့ဝဲလ် အင်ဂျင်နီယာ၊ အခုတော့ အငြိမ်းစားယူထားတယ်။ ဓာတ်ပုံရိုက်တာ၊ စစ်တုရင်ကစားတာ၊ အကော်ဒီယံ တီးတာ ဝါသနာပါတယ်။ ၁၉၇၉ ခုနှစ်မှာ မာဂရီးတာနဲ့ လက်ထပ်တယ်။ ကလေး နှစ်ယောက် ရှိတယ်

  • သိပ္ပံပညာ နောက်ခံရှိတဲ့အတွက် ဘုရားမဲ့ဝါဒီ ဖြစ်လာတယ်။ အသက် ၂၇ နှစ်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ခရစ်ယာန်ယုံကြည်ချက်တွေက သိပ္ပံပညာနဲ့ မဆန့်ကျင်မှန်း သိလာတယ်

အမှုနောက်ကြောင်း

၂၀၁၉ ၊ မေ ၂၄ မှာ ရုရှားက အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ဗဟိုရုံးက ရဲတွေက တိုကရိဗ်ရဲ့ အိမ်ကို ဝင်ရောက်စီးနင်းတယ်။ ညီအစ်ကို တိုကရိဗ်ကိုပဲ ခေါ်ထုတ်ပြီး “အစွန်းရောက်” လုပ်ဆောင်မှုတွေမှာ ပါဝင်တယ်လို့ ဝန်မခံရင် မိသားစုကို နှိပ်စက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ ညီအစ်ကို တိုကရိဗ်ကို စစ်ကြောမေးမြန်းရေးဌာနဆီ ဖမ်းခေါ်သွားကြတယ်။

ငါးလနီးပါးကြာတော့ ညီအစ်ကို တိုကရိဗ်ကို ရုရှားဖယ်ဒရေးရှင်း ပြစ်မှုကျင့်ထုံး ဥပဒေ ပုဒ်မနှစ်ခုနဲ့ စွဲချက်တွေ တင်ကြတယ်။ “အစွန်းရောက်” အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲခံရတယ်။ အစိုးရရှေ့နေက ညီအစ်ကို တိုကရိဗ် တိုက်ခန်းက လျှို့ဝှက် အသံသွင်းထားတာတွေကို ပြပြီး ပိတ်ပင်ထားတဲ့ “အစွန်းရောက်” စာပေတွေ လေ့လာတဲ့ အစည်းအဝေးတွေကို စီစဉ်တယ်လို့ စွပ်စွဲတယ်။

ညီအစ်ကို တိုကရိဗ်နဲ့ မိသားစုအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ သူတို့အပေါ် ယေဟောဝါ “သစ္စာစောင့်သိ” မယ်ဆိုတာကိုလည်း အပြည့်အဝ စိတ်ချနေပါတယ်။—ဆာလံ ၁၈:၂၅

a အပြောင်းအလဲ ရှိနိုင်