မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ၂၀၂၀၊ အောက်တိုဘာ ၂၈ မှာ ညီအစ်မ စီလဗာနဲ့ ရှမ်ရှီဗာ၊ ညီအစ်ကို ခို့လို့ဗ်နဲ့ ဇင်ဇီကို့

အောက်တိုဘာ ၂၈၊ ၂၀၂၀
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို နှစ်ဦးနဲ့ ညီအစ်မ နှစ်ဦးကို အပြစ်ရှိကြောင်း စီရင်ချက် ချ

ရုရှားတရားရုံးက ညီအစ်ကို နှစ်ဦးနဲ့ ညီအစ်မ နှစ်ဦးကို အပြစ်ရှိကြောင်း စီရင်ချက် ချ

၂၀၂၀၊ အောက်တိုဘာ ၂၈ မှာ ဘရယန်စ်ဒေသ တရားရုံးက ဗလာဒီမာ၊ အက်ဝဒ်၊ တာတယာနာ၊ အော်လဂါတို့ကို အပြစ်ရှိကြောင်း စီရင်လိုက်ပါတယ်။ သူတို့ရဲ့ မူလထောင်ဒဏ်တွေက တစ်နှစ်ကနေ တစ်နှစ်သုံးလအထိ အသီးသီး ရှိတယ်။ ဒါပေမဲ့ အမှုကြားနာစစ်ဆေးခြင်း မတိုင်ခင်ကတည်းက အဖမ်းခံထားရပြီး ဖြစ်လို့ နောက်ထပ် ထောင်ထဲမှာ နေစရာ မလိုတော့ပါဘူး။ စီရင်ချက်အရ ဒီညီအစ်ကို/မတွေဟာ ရာဇဝတ်သားတွေအဖြစ် ဆက်သတ်မှတ်ခံရမှာ ဖြစ်တယ်။ ဒါပေမဲ့ ထောင်ကျစရာ မလိုတော့လို့ သူတို့ ပျော်နေကြပါတယ်။ ပိုကြီးလေးတဲ့ ပြစ်ဒဏ် တောင်းဆိုဖို့ အစိုးရ ရှေ့နေအတွက် ဘာအစီအစဉ်မှ မရှိပါဘူး။

မူလစီရင်ချက် မတိုင်ခင် ညီအစ်ကိုတွေဟာ အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ထောင်မှာ ၃၁၆ ရက်၊ ညီအစ်မတွေကတော့ ၂၄၅ ရက် နေခဲ့ရတယ်။ ထောင်ကနေ လွတ်လာပြီးနောက် ညီအစ်မတွေကို ၂၀၂၀ အုပ်ချုပ်ရေးအဖွဲ့ ဆီက နောက်ဆုံးရသတင်း #၅ မှာ လူတွေ့မေးမြန်းထားတယ်။ ဆုတောင်းတာ၊ ကျမ်းစာဖတ်တာ၊ ကျေးဇူးတင်လေးမြတ်စိတ် ရှိနေတာက ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ကူညီပေးတယ်လို့ သူတို့ ပြောကြတယ်။