မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဖေဖော်ဝါရီ ၃
အင်ဒိုနီးရှား

အင်ဒိုနီးရှားက ဆိုးဝါးတဲ့ ရေကြီးမှု

အင်ဒိုနီးရှားက ဆိုးဝါးတဲ့ ရေကြီးမှု

နေရာ

ကာလီမင်တန် တောင်ပိုင်း၊ ဆူလာဝေဆီ မြောက်ပိုင်း၊ မိုလူကာစ် မြောက်ပိုင်း

ဘေးအန္တရာယ်

  • ၂၀၂၁၊ ဇန်နဝါရီလလယ်လောက်မှာ ဆိုးဝါးတဲ့ ရေကြီး၊ မြေပြိုမှုတွေကြောင့် ပျက်စီးမှုတွေ များခဲ့ပြီး လူများစွာ ပြောင်းရွှေ့ခဲ့ကြရတယ်

ညီအစ်ကို ညီအစ်မတွေရဲ့ အခြေအနေ

  • ကြေညာသူ အယောက် ၉၀ လောက် ယာယီ ပြောင်းရွှေ့ခဲ့ရတယ်

ပစ္စည်းဥစ္စာ ဆုံးရှုံးမှု

  • အိမ် ၃ လုံး အနည်းငယ် ပျက်စီးတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • အသင်းတော် အကြီးအကဲတွေက ကြေညာသူတွေကို အမြန် ပြောင်းရွှေ့ဖို့ ကူညီပေးကြတယ်။ ယာယီနေစရာ၊ အစားအစာနဲ့ တခြားလိုအပ်ရာတွေကိုလည်း စီစဉ်ပေးကြတယ်

  • ဒေသခံ အသင်းတော် ကြေညာသူတွေကလည်း ပျက်စီးသွားတဲ့ အိမ်တွေကို သန့်ရှင်းရေး၊ ပြုပြင်ရေး ဝိုင်းကူညီပေးကြတယ်

  • တိုက်နယ် ကြီးကြပ်မှူးတွေက ဘေးသင့် ကြေညာသူတွေကို ကျမ်းစာ သုံးပြီး နှစ်သိမ့်ပေးကြတယ်

  • ကယ်ဆယ်ရေး လုပ်ငန်းအားလုံးကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်

“ဒုက္ခရောက်ချိန်မှာ” ကူညီပေးတဲ့ ညီအစ်ကို အသင်းအပင်းကို ပေးထားလို့ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။—ပညာအလိမ္မာ ၁၇:၁၇