မာတိကာဆီ ကျော်သွား

အင်ဒိုနီးရှားမှာ ငလျင်ကြောင့် ပျက်စီးဆုံးရှုံး

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်
အင်ဒိုနီးရှား

အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်

အင်ဒိုနီးရှားမှာ ငလျင်လှုပ်ခတ်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအနောက်ပိုင်း ချန်ဂျာမြို့နားမှာ ပြင်းအား ၅.၆ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတဲ့အတွက် လူ ၂၆၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တယ်။ လူအတော်များများ ပျောက်ဆုံးနေပြီး ထောင်နဲ့ချီ နေရပ်ရွှေ့ပြောင်းကြရတယ်။ လျှပ်စစ်မီးတွေ ပြတ်တောက်သွားပြီး အဆက်အသွယ်လုပ်ဖို့လည်း အခက်တွေ့ကြတယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ညီအစ်ကို/မ တစ်ယောက်မှ သေဆုံးခြင်းမရှိ၊ ငလျင်ဘေးသင့်ဒေသမှာရှိတဲ့ ကြေညာသူ ၁၃၂ ယောက်စလုံးနဲ့ အဆက်အသွယ်ရ

  • အိမ် ၅ လုံး အနည်းအကျဉ်း ပျက်စီး

  • ဝတ်ပြုရာခန်းမ၊ စည်းဝေးပွဲခန်းမ အပျက်အစီး မရှိ

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • ငလျင် ထပ်လှုပ်ခဲ့ရင် အကူအညီပေးဖို့ သက်ကြီး ညီအစ်ကို/မအားလုံးအတွက် ကြေညာသူ တစ်ယောက်စီကို တာဝန်ပေးထား

  • အသင်းတော်တွေကို ကူညီပေးဖို့ သဘာဝဘေးကယ်ဆယ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းထား

  • တိုက်နယ်ကြီးကြပ်မှူးတွေဟာ ဘေးသင့်ဒေသမှာရှိတဲ့ အသင်းတော်တွေဆီ လည်ပတ်ပြီး ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေကြ

  • ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်နေကြ

ဒုက္ခရောက်ချိန်မှာ ညီအစ်ကို/မတွေကို ယေဟောဝါဘုရား နှစ်သိမ့်ပေးမှာကို ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၅၀:၁၅