၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်
အီရီထရီးယား
အီရီထရီးယားနိုင်ငံမှာ ယေဟောဝါသက်သေတွေကို ဝင်ရောက်စီးနင်းပြီး မတရားဖမ်းဆီး
ထောင်ကျနေတဲ့ ၂၃ ယောက်ထဲမှာ အသက် ရှစ်ဆယ့်ငါးနှစ်အရွယ် ညီအစ်မပါဝင်
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ ငြိမ်းချမ်းစွာ အစည်းအဝေး လုပ်နေကြတဲ့ ယေဟောဝါသက်သေ အိမ်တစ်အိမ်ကို အီရီထရီးယားအာဏာပိုင်တွေ ဝင်ရောက်စီးနင်းတယ်။ ရဲတွေက ညီအစ်ကို ၆ ယောက်၊ ညီအစ်မ ၁၆ ယောက်နဲ့ ကလေး ၂ ယောက်၊ စုစုပေါင်း ၂၄ ယောက်ကို ဖမ်းဆီးလိုက်တယ်။ သုံးရက်ကြာပြီးနောက် အာဏာပိုင်တွေ ပြန်ရောက်လာပြီး အဲဒီအိမ်မှာနေတဲ့ အသက် ၈၅ နှစ်အရွယ် ညီအစ်မကို ဖမ်းဆီးလိုက်တယ်။ ကလေးနှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ လူကြီး ၂၃ ယောက်ကို မိုင်ဆာဝါ အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။
အခုဆိုရင် အီရီထရီးယားနိုင်ငံမှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ယေဟောဝါသက်သေ ၆၃ ယောက် ရှိနေပါပြီ။ အဲဒီထဲက ၁၀ ယောက်ဟာ အသက် ၇၀ ကျော်တွေ ဖြစ်တယ်။ ဝင်ရောက်စီးနင်းပြီး အဖမ်းခံရတဲ့ ညီအစ်ကို/မတစ်ယောက်မှ ပြစ်မှု စွဲဆိုခံရတာ၊ ပြစ်မှုစီရင်ခံရတာမျိုး မရှိဘူး။
အီရီထရီးယားနိုင်ငံမှာ ယေဟောဝါသက်သေတွေကို ညှဉ်းပန်းနှိပ်စက်လာတာ နှစ်အတော်ကြာပြီ။ လွန်ခဲ့တဲ့ အနှစ် ၃၀၊ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှာ အီရီထရီးယား သမ္မတက နိုင်ငံအတွင်း မွေးဖွားတဲ့ ယေဟောဝါသက်သေအားလုံးကို နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းလိုက်တယ်။ အဲဒီအချိန်ကစပြီး ညီအစ်ကို/မတွေဟာ ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကြုံရ၊ မတရား ထောင်ချခံရကြတယ်။
ဒီနောက်ဆုံးအချက်အလက်ကို သိရလို့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရ၊ ဝမ်းနည်းရပါတယ်။ အီရီထရီးယားမှာ “အကျဉ်းကျနေတဲ့သူတွေကို” သတိတရ ဆုတောင်းပေးနေပါတယ်။ ယေဟောဝါဘုရားက သူတို့ကို နှစ်သိမ့်မှု၊ ခံနိုင်ရည်နဲ့ ခွန်အား ဆက်ပေးမယ်ဆိုတာကိုလည်း ယုံကြည်စိတ်ချပါတယ်။—ဟီဘရူး ၁၃:၃။