မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဇန်နဝါရီ ၂၉
အီရီထရီးယား

အီရီထရီးယား အာဏာပိုင်တွေက နောက်ထပ် ယေဟောဝါသက်သေ တစ်ယောက်ကို ထောင်ကနေ လွှတ်ပေး

အီရီထရီးယား အာဏာပိုင်တွေက နောက်ထပ် ယေဟောဝါသက်သေ တစ်ယောက်ကို ထောင်ကနေ လွှတ်ပေး

၂၀၂၁၊ ဇန်နဝါရီ ၂၉ မှာ ကျွန်တော်တို့ရဲ့ ညီအစ်ကို တစ်ယောက် ယုံကြည်ချက်ကြောင့် ၁၂ နှစ် ထောင်ကျပြီးနောက် လွတ်လာပါတယ်။ ဒီ့မတိုင်ခင် ၂၀၂၀၊ ဒီဇင်ဘာ ၄ မှာ သက်သေခံ ၂၈ ယောက်ကို လွှတ်ပေးပြီး ဖြစ်တယ်။ အခုလို ညီအစ်ကိုတွေ လွတ်လာလို့ ကျွန်တော်တို့ သိပ်ဝမ်းသာကြတယ်။ အီရီထရီးယား ထောင်ထဲမှာ ကျန်နေသေးတဲ့ ညီအစ်ကို ညီအစ်မ ၂၃ ယောက်အတွက် ဆက်ဆုတောင်းပေးနေပါတယ်။—ဟီဘရူး ၁၃:၃